Uncategorized

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌသည် ၂၅.၁၁.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃)တွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မူ ပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင် ၄ ဦးသည် ၂၅.၁၁.၂၀၂၅ ရက်နေ့တွင် မကွေးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၃ ဦးသည် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြလုပ်သော  အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဘိုး/ဘွား ၃၇ ဦးအား တစ်ဦးလျှင် ၁၀,၀၀၀/-ကျပ်နှုန်းဖြင့် လှူဒါန်းထောက်ပံ့ခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၃၇၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၈.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၆)ဦးသည် ထားဝယ်မြို့ မြိုမယဉ်ငေးဖောင်ဒေးရှင်းနှင့် ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းမှ ပူးပေါင်းကျင်းပသော တတိယအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ၌ ထူးချွန်သူများအား ထူးချွန်ဆုပေးအပ်ပွဲနှင့် ၃၈ ဖြာမင်္ဂလာစာအုပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား မုန့်များ၊ ရေသန့်များ ကျွေးမွေးအလှူဒါနပြုခဲ့ပါသည်။ အခမ်းအနားတွင် ဆုချီးမြှင့်ပွဲနှင့် စာမေးပွဲကျင်းပစဉ် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သော မိမိတို့အသင်းဝင်(၅)ဦးကို ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းက ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၀-၇-၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အမှုဆောင်များနှင့်အသင်းဝင်များမှ ထီးချိုင့်၊ ကသာ၊ ဗန်မော်မြို့များမှ နေရပ်စွန့်ခွါ ကျောင်းသား/သူ (ကျား/မ)စုစုပေါင်း (၄၈)ဦးကို ပုဆိုး၊ ထမီ၊ အချိုရည်၊ လက်ဖက်အကြော်စုံများ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ တန်ဖိုးသင့်ငွေမှာ ၇၈၅,၀၀၀ ကျပ် ဖြစ်ပါသည်။

လပြည့်နေ့လှူဒါန်းခြင်း

လပြည့်နေ့လှူဒါန်းခြင်း

၁၁.၂.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် တပို့တွဲလပြည့်နေ့တွင် မြတ်စွာဘုရားအား ထမနဲဆွမ်းကပ်လှူရန်အတွက် MWCDF မိသားစုများစုပေါင်း၍ ပျော်ပျော်ရွှင်ရွှင်ထမနဲထိုးပွဲအား ဆောင်ရွက်ခဲ့ကြပါသည်။