Uncategorized

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းနှင့် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၈.၁၂.၂၀၂၅ ရက်နေ့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု Fitness Dance ဖြင့်ကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုအတူ ပူးပေါင်းပြုလုပ်ခဲ့ကြပါသည်။

ကိုယ့်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုပွဲတက်ရောက်ခြင်း

ကိုယ့်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုပွဲတက်ရောက်ခြင်း

နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၁.၁၂.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ရေပန်းဥယျဉ်၌ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု Fitness Dance ဖြင့် ကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌသည် ၂၅.၁၁.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃)တွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မူ ပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင် ၄ ဦးသည် ၂၅.၁၁.၂၀၂၅ ရက်နေ့တွင် မကွေးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၃ ဦးသည် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြလုပ်သော  အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဘိုး/ဘွား ၃၇ ဦးအား တစ်ဦးလျှင် ၁၀,၀၀၀/-ကျပ်နှုန်းဖြင့် လှူဒါန်းထောက်ပံ့ခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၃၇၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၈.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၆)ဦးသည် ထားဝယ်မြို့ မြိုမယဉ်ငေးဖောင်ဒေးရှင်းနှင့် ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းမှ ပူးပေါင်းကျင်းပသော တတိယအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ၌ ထူးချွန်သူများအား ထူးချွန်ဆုပေးအပ်ပွဲနှင့် ၃၈ ဖြာမင်္ဂလာစာအုပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား မုန့်များ၊ ရေသန့်များ ကျွေးမွေးအလှူဒါနပြုခဲ့ပါသည်။ အခမ်းအနားတွင် ဆုချီးမြှင့်ပွဲနှင့် စာမေးပွဲကျင်းပစဉ် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သော မိမိတို့အသင်းဝင်(၅)ဦးကို ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းက ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါသည်။