ဆန်၊ ဆီ၊ စားသောက်စရာများ ထောက်ပံ့ပေးခြင်း

(၂၄.၁၁.၂၀၁၉)ရက်နေ့ မအူလေးပင်ကျေးရွာမှMWCDF အသင်းအဖွဲ့ဝင်တို့သည် ကျေးရွာတွင်အသင်းမှ ကူညီစောင့်ရှောက်လျက်ရှိသော မသန်စွမ်း ညီမ(၂)ဦး နေအိမ်သို့သွားရောက်၍ ဆန်၊ ဆီ၊ စားသောက်စရာများ ထောက်ပံ့ပေးခဲ့ပါသည်။
Myanmar Women and Children Development Foundation

(၂၄.၁၁.၂၀၁၉)ရက်နေ့ မအူလေးပင်ကျေးရွာမှMWCDF အသင်းအဖွဲ့ဝင်တို့သည် ကျေးရွာတွင်အသင်းမှ ကူညီစောင့်ရှောက်လျက်ရှိသော မသန်စွမ်း ညီမ(၂)ဦး နေအိမ်သို့သွားရောက်၍ ဆန်၊ ဆီ၊ စားသောက်စရာများ ထောက်ပံ့ပေးခဲ့ပါသည်။

(၂၄.၁၁.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ကျင်းပပြုလုပ်သော ၂၀၁၉ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် လူထုလမ်းလျှောက် ပွဲသို့ MWCDFအသင်း(ဗဟို)ရုံးအဖွဲ့ နှင့် နေပြည်တော် တိုင်း၊ MWCDFအသင်းအဖွဲ့ တို့ သည် မိတ်ဖက်အဖွဲ့ အစည်းများနှင့်အတူ ပါဝင်လှုပ်ရှားခဲ့ပါသည်။

(၂၂.၁၁.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း(MWCDF)မှ အလုပ်အမှုဆောင်တို့သည် မော်လမြိုင်မြို့ Ngwe Moe Hotel ၌ ကျင်းပပြုလုပ် သော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ် အမျိုးသမီးများငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက် မိတ်ဆက်အသိပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

(၂၂.၁၁.၂၀၁၉)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများ နှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်တို့သည် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အကြိုဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့ပါသည်။

(၁၉.၁၁.၂၀၁၉)ရက်နေ့တွင် ပဲခူတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကျင်းပပြုလုပ်သော ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ ” ကမ္ဘာ့ကလေးများ နေ့အထိမ်းအမှတ်” အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ပဲခူးတိုင်းဒေသကြီးအဖွဲ့မှ ဥက္ကဋ္ဌ နှင့် အလုပ်အမှု ဆောင်များက တက်ရောက်၍ အက ပဒေသာဖြင့် ကပြဖျော်ဖြေခဲ့သော ကလေးများအား အရုပ်များ လက်ဆောင် ပေးအပ်ခဲ့ပါသည်။

ရှှမ်း ပြည် နယ် မြောက် ပိုင်း ၊ လားရှိုး မြို့ တွင် ကျင်း ပပြု လုပ် သော ” အပြည် ပြည် ဆိုင် ရာ ကလေး သူငယ် များ နေ့ ၂၀၁၉” သို့ မြန်မာ နိုင် ငံ အမျိုးသမီး များနှင့် ကလေး သူငယ် များ ဘဝမြင့် တင်ရေး အသင်း / ရှမ်း ပြည် နယ် မြောက်