Myanmar

ကျန်းမာရေးကူညီစောင့်ရှောက်မှု

ကျန်းမာရေးကူညီစောင့်ရှောက်မှု

(၉.၂.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများ၏ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများခွဲစိတ်ပေးခြင်းနှင့် သက်ကြီးဘိုးဘွားများ သွားတု(အံကပ်)တပ်ဆင်ပေးခြင်း အစီအစဉ်တွင်ပူးပေါင်းပါဝင်၍ ဆေးကုသခံယူကြသော အဘိုးဘွား (၇၀)ဦးနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများအတွက် မုန့်၊ ဖျော်ရည်ဘူးများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂၀၂၄)ခုနှစ် အခမ်းအနားတက်ရောက်ခြင်း

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂၀၂၄)ခုနှစ် အခမ်းအနားတက်ရောက်ခြင်း

(၇.၅.၂၀၂၄)ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၅)ဦးတို့သည် နေပြည်တော်၊ ပျဉ်မနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ ဗိမာန်တော်ကြီး၌ကျင်းပပြုလုပ်သည့် မေလ (၇)ရက်နေ့ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄)ခုနှစ် အခမ်းအနားသို့တက်ရောက်ပြီး အသက် (၅)နှစ်အောက်ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများနှင့် အာဟာရအဖြစ် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

အသိပညာပေးအခမ်းအနားတက်ရောက်ခြင်း

အသိပညာပေးအခမ်းအနားတက်ရောက်ခြင်း

(၇.၅.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသော ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁.၅.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော “ကမ္ဘာ့အလုပ်သမားနေ့” အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနား တက်ရောက်ခြင်း

ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနား တက်ရောက်ခြင်း

(၂၈.၄.၂၀၂၄)ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် ပျဉ်းမနားခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ခဲ့ပါသည်။

အန္တရာယ်ကင်းပရိတ်တရားနာယူခြင်း

အန္တရာယ်ကင်းပရိတ်တရားနာယူခြင်း

(၂၃.၄.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ရုံးချုပ်၌ နှစ်ဦးအလှူ အန္တရာယ်ကင်းပရိတ်တရားနာယူခြင်း အခမ်းအနားတွင် ပါရမီဗုဒ္ဓဝိဟာရ ကျောင်းတိုက်၊ မဟာဝိဇီတာရုံကျောင်းတိုက်နှင့် ကံလှတောရကျောင်းတိုက်တို့မှ သံဃာတော်အရှင်သူမြတ် (၅)ပါးပင့်ဖိတ်၍ ပရိတ်တရားတော်များနာယူပြီး နဝကမ္မအလှူငွေ၊ သင်္ကန်း၊ တရားစာအုပ်များနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။