Myanmar

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၂ ဦးသည် ၁.၁၂.၂၀၂၅ ရက်နေ့တွင် ပုသိမ်မြို့၌ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှု့ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်၊ အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး၊ ရပ်ရွာအခြေပြုသင်တန်းသို့သွားရောက်၍ စက်ချုပ်သင်တန်းသူ (၁၅)ဦးအား သင်ထောက်ကူပိတ်စများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ လှူဒါန်းမှုစုစုပေါင်းငွေ ၁၀၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၁ ဦးသည် ၁.၁၂.၂၀၂၅ ရက်နေ့တွင် ဆေးဝါးကုသရန်လိုအပ်လျက်ရှိသော အသက် ၇၇ နှစ်အရွယ် အဖွားတစ်ဦးထံသို့သွားရောက်၍ လိုအပ်သောဆေးဝါးများဝယ်ယူနိုင်ရန်အတွက် ထောက်ပံ့ငွေ ၄၀,၀၀၀ ကျပ် လှူဒါန်းခဲ့ပါသည်။

ကိုယ့်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုပွဲတက်ရောက်ခြင်း

ကိုယ့်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုပွဲတက်ရောက်ခြင်း

နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၁.၁၂.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ရေပန်းဥယျဉ်၌ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု Fitness Dance ဖြင့် ကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် (၃) ဦးတို့သည် ၁.၁၂.၂၀၂၅ ရက်နေ့တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် “အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး” “ UNITE to End Digital Violence Against All Women and Girls” အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင် ၄ ဦးတို့သည် ၃၀.၁၁.၂၀၂၅ ရက်နေ့တွင် မန္တလေးမြို့၊ တပ်မတော်ဆေးရုံ(နန်းတွင်း)ရှိ ဆေးကုသမှုခံယူနေသော စစ်သည်များ၊ အမျိုးသမီးများ၊ ကလေးလူနာများအား နေ့လည်စာ ထမင်း၊ ကြက်သားအာလူး၊ သီးစုံပဲကုလားဟင်းနှင့် ငပိချက်တို့ဖြင့် ကျွေးမွေးလှူဒါန်းခြင်း၊ လူနာတစ်ဦးလျှင် ၅၀၀၀/-နှုန်းနှင့် မုန့် များလှူဒါန်းပေးဝေခဲ့ပါသည်။ လှူဒါန်းမှုစုစုပေါင်းငွေ ၈၅၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

အသိပညာပေးဟောပြောခြင်း

အသိပညာပေးဟောပြောခြင်း

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ မှ ၃၀.၁၁.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အထက (၁၁) ဇမ္ဗူသီရိကျောင်းမှာ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့ မှ ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတွင် အမှာစကားပြောကြားပြီး ကျောင်းသား/သူများကို အသိပညာပေးဟောပြောခဲ့ပါသည်။