Myanmar

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင် ၂ ဦးတို့သည် ၁၄.၁.၂၀၂၆ ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)သို့သွားရောက်၍ ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်မှ အမျိုးသမီးရောဂါဖြင့်ဆေးကုသမှုခံယူနေသော အသက် ၃၈ နှစ်အရွယ် ဒေါ်နေခြည်အေးအား ဆေးကုသစရိတ်အဖြစ် ထောက်ပံ့ငွေ ၁၃၀,၀၀၀/-ကျပ်လှူဒါန်းခဲ့ပြီး ဆေးရုံတွင်တက်ရောက်နေသော လူနာ  ၈၀ ဦး နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သားဟင်း၊ ချဉ်ရည်ဟင်းတို့ကို လက်ရောက်ပေးဝေလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၃၈၀,၀၀၀ ကျပ်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၉ ဦးတို့သည် ၁၄.၁.၂၀၂၆ ရက်နေ့တွင် ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာတွင်ကျင်းပသည့် ခေါင်းဆောင်မှုအမြင်ဖွင့်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး လိုအပ်သောဝေယျာဝစ္စများ ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၅ ဦးတို့ သည် ၁၃.၁.၂၀၂၆ ရက်နေ့တွင် ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာတွင် ကျင်းပသည့် ခေါင်းဆောင်မှုအမြင်ဖွင့်သင်တန်း ဖွင့်လှစ်နိုင်ရေး သင်တန်းသား ရဟန်းသံဃာတော်များအသုံပြုနိုင်အတွက် အသင်း ဗလာစာအုပ်များ၊ ခဲတံ၊ ရောက်စုံခဲတံများ၊ ချွန်စက်များ၊ ဘောပင်များ၊ A4 စက္ကူထုပ်များ၊ ဖျာများ၊ ခြင်ထောင်များ၊ စောင်များ၊ ခေါင်းအုံးများကို သွားရောက်လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၄၅၀,၀၀၀ကျပ်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် ၅ ဦးတို့သည် ၁၃.၁.၂၀၂၆ ရက်နေ့တွင် ပဲခူးမြို့၊ လူငယ်စင်တာခန်းမ၌ကျင်းပပြုလုပ်သော တိုင်းရင်းသားလူငယ်များအတွက် စားသောက်ကုန် (BAKERY)ထုပ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ထို့နောက် လူငယ်စင်တာစာကြည့်တိုက်၌ အသင်း ဥက္ကဌနှင့် အဖွဲ့များမှ သုတ/ရသစာအုပ်များ၊ အလှပသစ်ပင်ပန်းအိုးများ၊ စာဖတ်သူ/သင်တန်းသူများ စားသုံးရန်အတွက် သကြားလုံးများအား ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစည်သူထွန်းထံ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်မော်မော်ရှိန်သည် ၁၂.၁.၂၀၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ အမှတ် (၆၅)၊ ကျိုက်ဝိုင်ဘုရားလမ်း “လူမှုဝန်ထမ်းအတတ်သင် သိပ္ပံကျောင်း”၌ ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် Excellent Myanmar Advisory Group (Alpha) Company Limited တို့ လက်တွဲပူးပေါင်း၍ အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် ရည်ရွယ်ဦးတည်ဖွင့်လှစ်သည့် “သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်းဖွင့်ပွဲအခမ်းအနား” သို့တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ နယာက၊ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး၊ CEC များနှင့် ပြည်နယ်/တိုင်းများမှ ဥက္ကဌနှင့် အဖွဲ့ဝင်များစုပေါင်း၍ နေပြည်တော်၊ ပျဉ်းမနားမြို့၊ တပေါင်းကွင်းမှ ယာယီမီးဘေးကယ်ဆယ်ရေးစခန်းသို့ ၁၂.၁.၂၀၂၆ ရက်နေ့တွင်သွားရောက်၍ မီးဘေးသင့်အိမ်ထောင်စု ၆၂ စုအား  တစ်အိမ်ထောင်လျှင် ၁၀၀,၀၀၀/-ကျပ်၊ ခေါက်ဆွဲခြောက်ထုပ်များ လက်ရောက်ပေးဝေလှူဒါန်းခဲ့ပါသည်။ ထို့နောက် ကယ်ဆယ်ရေးစခန်း၌ တာဝန်ယူဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ (ထွေအုပ်၊ ကျန်းမာရေး၊ ရဲ၊ မီးသတ်၊ စည်ပင်၊ ရ.ဝ.တ၊ စေတနာ့ဝန်ထမ်း)အဖွဲ့ ၄၇ ဦးအား