Myanmar

စံဇေတဝန်ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

စံဇေတဝန်ပရဟိတမိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂.၃.၂၀၂၃)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ကန်ကြီးထောင့်မြို့၊ အမှတ်(၁)ရပ်ကွက်၊ စံဇေတဝန်ပရဟိတမိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းတွင် နံနက်စာ အာဟာရထမင်းဟင်းဒါနပြုကျွေးမွေးလှူဒါန်းပြီး ဆရာတော်အား နဝကမ္မအလှူငွေနှင့် မုန့်များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ပဲတီပင်ပေါက် ဖောက်နည်းသင်ကြားခြင်း

ပဲတီပင်ပေါက် ဖောက်နည်းသင်ကြားခြင်း

(၂၇.၂.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ဈေးသည်လေးများနှင့် အရင်းအနှီးမရှိသူလေးများ(၅)ဦးအား ပဲတီပင်ပေါက်ဖောက်နည်းအား စာတွေ့/လက်တွေ့အိမ်တိုင်ရာရောက် သင်ကြားပေးပြီး မတည်ငွေများ ထောက်ပံ့ပေးခဲ့ပါသည်။ 

ကျုံးတောင့် ဝိပသနာကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

ကျုံးတောင့် ဝိပသနာကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၇.၂.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ကျုံးတောင့် ဝိပသနာကျောင်းတိုက်ရှိ သီလရှင်ဆရာကြီးနှင့် ဆရာလေးများအား သီလရှင်ဝတ်စုံ၊ ထီး၊ အိတ်၊ ခြေသုတ်ခုံများ လှူဒါန်းပြီး ရွှေရင်အေးနှင့် နေ့ဆွမ်း ကပ်လှူခဲ့ပါသည်။

ပန်းကြယ်သီးသင်တန်းတွင် ပံ့ပိုးကူညီမှု

ပန်းကြယ်သီးသင်တန်းတွင် ပံ့ပိုးကူညီမှု

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ မကွေးမီလီ(နယ်ရုံးခွဲ)၏ ဦးဆောင်မှုဖြင့် မကွေးတိုင်းအတွင်းရှိ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ ရေနံချောင်းမြို့နယ်များမှ ကိုယ်အင်္ဂါ၊ အပြော၊ အကြားမသန်စွမ်းသူ (၇)ဦးအား (၂၅.၂.၂၀၂၃ မှ ၁.၃.၂၀၂၃)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြားပေးသော ပန်းကြယ်သီးသင်တန်းတွင် မကွေးတိုင်း MWCDF အသင်း ဥက္ကဌမှ နေ့စဉ်ပံ့ပိုးကူညီမှုပြုလုပ်ခဲ့ပြီး သင်တန်းအတွက် အလှူငွေ လှူဒါန်းခဲ့ပါသည်။

ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၂၃.၂.၂၀၂၃)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်သော ညှိနှိုင်းအစည်းအဝေးသို့ MWCDF အသင်းမှ ခေတ္တဥက္ကဌ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း၏ အသင်းဝင်အသစ်များ လက်ခံကြိုဆိုခြင်းအခမ်းအနား

ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း၏ အသင်းဝင်အသစ်များ လက်ခံကြိုဆိုခြင်းအခမ်းအနား

(၁၀.၂.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ခိုင်မေတ္တာဆေးရုံခန်းမ၌ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ ပရဟိတစိတ်ဝင်စားသော လူငယ်(၈၀)ဦးအား အသင်းဝင်အဖြစ် လက်ခံကြိုဆိုခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။