Myanmar

သောက်သုံးရေလှူဒါန်းခြင်း

သောက်သုံးရေလှူဒါန်းခြင်း

(၃၀.၇.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် သောက်သုံးရေခက်ခဲသော ဘားအံမြို့နယ်၊ ပညာမွန်ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ သောက်ရေသန့်ဗူးကြီးများ လှူဒါန်းခြင်းနှင့် နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

(၃၀.၇.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ဘားအံမြို့၊ ရဲသာကျေးရွာအုပ်စု၊ နောင်ခရိုင်၊ ကမော့ကစင်ရွာရှိ အိမ်ခြေ (၈၆) အိမ်နှင့် လှိုင်ရွာရှိအိမ်ခြေ (၇၈)အိမ် စုစုပေါင်း (၁၆၄)အိမ်ထောင်စုမှ ရေကြီးနစ်မြုပ်ခံစားနေရသူများအတွက် ကြက်ဥ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်ဗူးများအား ရဲသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား လှူဒါန်းခြင်း

(၃၀.၇.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ဘားအံမြို့၊ အမှတ် (၄)ရပ်ကွက်၊ အ.မ.က (၁၁)ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်လူဦးရေ (၁၇၈)ဦးအတွက် နေ့လည်စာအာဟာရ ထမင်း၊ ဟင်းနှင့် ရေသန့်ဘူးများသွားရောက်လှူဒါန်းခဲ့ပါသည်။

စက်ချုပ်သင်တန်း တက်ရောက်ခြင်း

စက်ချုပ်သင်တန်း တက်ရောက်ခြင်း

(၂၈.၇.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တူးမြောင်းကျေးရွာ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ အမျိုးသမီးများဘဝရပ်တည်နိုင်ရေးအတွက် စက်ချုပ်သင်တန်းဖွင့်လှစ်ကျင်းပရာ ဒေးဒရဲမြို့နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များတက်ရောက်ပြီး သင်တန်းသူများအတွက် စက်ပစ္စည်းဆိုင်ရာအထောက် အကူပြုပစ္စည်းများ၊ မုန့်များ၊ အအေးများ ပေးဝေထောက်ပံ့ခဲ့ပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၂၅.၇.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အသင်းဝင်များသည် လယ်ဝေးမြို့နယ်၊ ထိန်အင်းကျေးရွာ၊ ဧလာတိဏ္ဏဆရာတော်အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ နဝကမ္မအလှူငွေလှူဒါန်းခြင်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးမျိုးစုံဆက်ကပ်လှူဒါန်းခြင်း၊ စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ပျံချီ)သို့ တက်ရောက်နေသော ကျောင်းသား/သူများအတွက် လိုအပ်နေသော ကျောင်းဝတ်စုံအဖြူ/အစိမ်း (၃၄)စုံနှင့် ဆရာများအတွက် အင်္ကျီနှင့်ပုဆိုးတစ်စုံစီ သွားရောက်လှူဒါန်းခဲ့ပါသည်။

မီးဖွားစရိတ်ထောက်ပံ့လှူဒါန်းခြင်း

မီးဖွားစရိတ်ထောက်ပံ့လှူဒါန်းခြင်း

(၂၄.၇.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ဖျာပုံမြို့၊ (၁၆)ရက်အတွင်း၌ ဒုတိယကလေးမီးဖွားရန် ထောက်ပံ့မှုလိုအပ်နေသော အမျိုးသမီးငယ်အား ရပ်ကွက်ရုံး၌တွေ့ဆုံပြီး မီးဖွားစရိတ်အဖြစ်အလှူငွေ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။