Myanmar

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

(၂၄.၇.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ဖျာပုံမြို့၊ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဆေးရုံလူနာစောင့် (၁၂၀)ဦးအား ထမင်း၊ ကြက်သားဟင်းနှင့် ရေသန့်ဗူးများအား ပေးဝေလှူဒါန်းခဲ့ကြပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက်ခြင်း

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက်ခြင်း

(၂၃.၇.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့သည် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ဓမ္မစေတီကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်မိသားစုများ၊ အမျိုးသမီးရေးရာကော်မတီဝင်များနှင့် အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားသို့တက်ရောက်ပြီး ဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပါ သည်။

စက်ချုပ်နည်းသင်တန်းဖွင့်ပွဲတက်ရောက်ခြင်း

စက်ချုပ်နည်းသင်တန်းဖွင့်ပွဲတက်ရောက်ခြင်း

(၂၃.၇.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ဖျာပုံမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင် ကျောင်း၌ဖွင့်လှစ်သော ဖျာပုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လုပ်ငန်းစီမံကိန်းဖြစ်သည့် အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး  ထူးချွန်စွာသင်တန်းဆင်းသူ (၅)ဦးအား အမျိုးသမီးဘဝ တင့်တယ်စွာရပ်တည်နိုင်ရန်အတွက် ကိုယ်ပိုင်စက်ချုပ်ဆိုင်ဖွင့်လှစ်နိုင်သည်အထိရည်ရွယ်ပြီး သင်တန်းသူ(၁)ဦးလျှင် ငွေကျပ် (၁၅)သိန်းနှင့်ညီမျှသော အပ်ချုပ်စက်၊ ဒါးစက်၊ ဘီတင်စက်၊ ကြယ်သီးရိုက်စက်နှင့်တကွ လိုအပ်သော စက်ချုပ်ကိရိယာပစ္စည်းများအား ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၂၁.၇.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အသင်းဝင် (၃)ဦးသည် မန္တလေးတောင်ခြေရှိ ရွှေကျင်တိုက်မကြီးဆရာတော်အား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအတွက် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်မှ ခေါ်ယူစောင့်ရှောက်ထားသော မတ္တရာမြို့နယ်၊ မိုးကြိုးရွာမှ နေရပ်စွန့်ခွါကျောင်းသား/သူ (၁၀၀)ဦးအား နေ့လည်စာအာဟာရကျွေးမွေးလှူဒါန်းခြင်းနှင့် စာအုပ်များ၊ ဆပ်ပြာမွှေးခဲများ လှူဒါန်းခဲ့ကြပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား

(၂၀.၇.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ အရိယာဝံသမြို့ဦးကျောင်းတိုက်တွင် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား

(၂၀.၇.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အသင်းဝင် (၁)ဦးသည် မန္တလေးမြို့၊ မြို့တော်ခန်း မ၌ကျင်းပပြုလုပ်သော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။