Myanmar

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၁၈.၇.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည်တောင်ကြီးမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ပြီး ဥက္ကဌမှ အသင်းအကြောင်းမိတ်ဆက်ပြောကြားပြီး လက်ရှိဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆိုလာပစ္စည်းများထောက်ပံ့လှူဒါန်းခြင်း

ဆိုလာပစ္စည်းများထောက်ပံ့လှူဒါန်းခြင်း

(၁၆.၇.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် လျှပ်စစ်မီးရရှိရန်ခက်ခဲသော အ.ထ.က(ခွဲ)ပန်းတောကြီး ကျောင်းသို့ သွားရောက်၍ MWCDF အသင်း(ဗဟို)မှလှူဒါန်းထားသော ဆိုလာပစ္စည်းများ၊ မီးကြိုးများကို ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဆိုလာပစ္စည်းများလှူဒါန်းခြင်း အခမ်းအနား

ဆိုလာပစ္စည်းများလှူဒါန်းခြင်း အခမ်းအနား

(၁၃.၃.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်မီးရရှိရန်ခက်ခဲသော စာသင်ကျောင်းများအတွက် ဆိုလာပစ္စည်းများပေးအပ်လှူဒါန်းခြင်းနှင့် တိုင်းအမှုဆောင်များအားတွေ့ဆုံခြင်း အခမ်းအနားကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး တက်ရောက်၍အဖွင့်အမှာစကားပြောကြားခြင်း၊ MWCDF အသင်း ဒုဥက္ကဌမှ အသင်းသမိုင်းကြောင်းနှင့် လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြားခြင်းနှင့် တွဲဘက်အတွင်းရေးမှူးမှ ဆိုလာပစ္စည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံကျောင်းများမှ တာဝန်ရှိသူ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများထံ ဆိုလာပစ္စည်းများ၊ အသင်းဗလာစာအုပ်များ ပေးအပ်ခြင်းနှင့် မူကြိုကျောင်းဆရာ/ ဆရာမများထံ မူကြိုကလေးများအတွက် ကလေးကစားစရာ ပစ္စည်းပုံးများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထိုပြင် အသင်းဒုဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များက

စာရေးကိရိယာများထောက်ပံ့လှူဒါန်းခြင်းနှင့် အာဟာရကျွေးမွေးလှူဒါန်းခြင်း

(၈.၇.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ဘားအံမြို့၊  နောက်ယားဖေးရွာ၊ အ.မ.က (ခွဲ)ကျောင်းသို့သွားရောက်၍ ကျောင်းသား/သူများအတွက် ဗလာစာအုပ်၊ လေးကြောင်းမျဉ်းစာအုပ်၊ ခဲတံများ ပေးအပ်လှူဒါန်းပြီး ပဲနို့နှင့် မုန့်များ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၈.၇.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ မိသားစုနှင့် အဖွဲ့ဝင်များသည် ဥတ္တရသီရိမြို့၊ အ.ထ.က (၁၂)ကျောင်းတွင် တက်ရောက်နေသော နေရပ်စွန့်ခွါကျောင်းသား/သူများနှင့် ပညာသင်ကြားရန်အခက်အခဲရှိသော ကျောင်းသား/ သူများအတွက် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်၊ ကျောင်းဝတ်စုံ၊ ကျောပိုးအိတ်၊ ထီးနှင့် မိုးကာအင်္ကျီများကို တာဝန်ခံကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများထံ ပေးအပ်လှူဒါန်းခဲ့ပါ သည်။      

နေရပ်စွန့်ခွါပြည်သူများအတွက် ထောက်ပံ့လှူဒါန်းခြင်း

(၈.၇.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဘားအံမြို့၊ ကျောက်ကလာပ် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရောက်ရှိနေသော နေရပ်စွန့်ခွါပြည်သူများအတွက် လိုအပ်သော ဆန်၊ ဆီ၊ ဆားများဝယ်ယူနိုင်ရန် အလှူငွေများ လှူဒါန်းခဲ့ပါသည်။