အာဟာရကျွေးမွေးလှူဒါန်းခြင်း

၁၄.၁၀.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များသည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျောက်မျက်ပြကွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားသော သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး(နေပြည်တော်) ယာယီဆေးရုံသို့သွားရောက်၍ အသင်းဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များမှ (၂)မြွှာပူးမိခင် (၂)ဦးအား တစ်ဦးလျှင် ၁၈၀,၀၀၀/-ကျပ် ထောက်ပံ့လှူဒါန်းခြင်း၊ နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သားဟင်း၊ အချဉ်ရည်ဟင်းစသည့် ကျွေးမွေးလှူဒါန်းငွေ ၂၅၀,၀၀၀/-ကျပ် ကျွေးမွေးလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၆၁၀,၀၀၀/-ကျပ် ဖြစ်ပါသည်။













