Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် (၃) ဦးတို့သည် ၁.၁၂.၂၀၂၅ ရက်နေ့တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် “အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး” “ UNITE to End Digital Violence Against All Women and Girls” အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင် ၄ ဦးတို့သည် ၃၀.၁၁.၂၀၂၅ ရက်နေ့တွင် မန္တလေးမြို့၊ တပ်မတော်ဆေးရုံ(နန်းတွင်း)ရှိ ဆေးကုသမှုခံယူနေသော စစ်သည်များ၊ အမျိုးသမီးများ၊ ကလေးလူနာများအား နေ့လည်စာ ထမင်း၊ ကြက်သားအာလူး၊ သီးစုံပဲကုလားဟင်းနှင့် ငပိချက်တို့ဖြင့် ကျွေးမွေးလှူဒါန်းခြင်း၊ လူနာတစ်ဦးလျှင် ၅၀၀၀/-နှုန်းနှင့် မုန့် များလှူဒါန်းပေးဝေခဲ့ပါသည်။ လှူဒါန်းမှုစုစုပေါင်းငွေ ၈၅၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

အသိပညာပေးဟောပြောခြင်း

အသိပညာပေးဟောပြောခြင်း

နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ မှ ၃၀.၁၁.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အထက (၁၁) ဇမ္ဗူသီရိကျောင်းမှာ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့ မှ ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတွင် အမှာစကားပြောကြားပြီး ကျောင်းသား/သူများကို အသိပညာပေးဟောပြောခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ‌မိသားစု မှ ၂၉.၁၁.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ‌ဥတ္တရသီရိမြို့၊ ကလေးရောဂါအထူးကုဆေးရုံကြီးတွင် တက်ရောက်နေသော ကလေးလူနာ ၈၅ ဦးအတွက် အာဟာရဒါနအလှူအဖြစ် နွားနို့များလှူဒါန်းခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ သည် ၂၈.၁၁.၂၀၂၅ ရက်နေ့တွင် တိုင်းဒေသကြီးအဆင့် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၄ ဦးတို့သည် ၂၈.၁၁.၂၀၂၅ ရက်နေ့တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ပြည်​ထောင်စုဝန်ကြီးမှ “ သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှု​ရေးပင်စင်၊ ကိုယ်ဝန်​ဆောင်မိခင်များနှင့် ၄င်းတို့မှ​မွေးဖွားလာ​သောအသက်(၂)နှစ်​အောက်က​လေးသူငယ်များ၊​ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ တိုက်ပွဲ​ရှောင်ပြည်သူများအား ​ထောက်ပံ့​​ကြေးငွေ​ပေးအပ်ခြင်းအခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။