Myanmar

သစ်ပင်စိုက်ပျိုးပွဲ

သစ်ပင်စိုက်ပျိုးပွဲ

(၂၀.၆.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌနှင့် တွဲဘက်အတွင်းရေးမှူးတို့သည် တတိယအကြိမ်မြောက် တိုင်းဒေသကြီးအမျိုး သမီးကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို တက်ရောက်၍ ပူးပေါင်းပါဝင်စိုက်ပျိုးခဲ့ကြပါသည်။

ကော်မတီအစည်းအဝေးတက်ရောက်ဆွေးနွေးခြင်း

ကော်မတီအစည်းအဝေးတက်ရောက်ဆွေးနွေးခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ သည် ကြက်ခြေနီကြီးကြပ်မှုကော်မတီအစည်းအဝေး (၃/၂၀၂၄)ကို တက်ရောက်ဆွေးနွေးခဲ့ပါသည်။

သင်တန်းဖွင့်ပွဲတက်ရောက်ခြင်း

သင်တန်းဖွင့်ပွဲတက်ရောက်ခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြီးမှူးဖွင့်လှစ်သော Information, Management, Training-Data management in Excel သင်တန်းဖွင့်ပွဲသို့တက်ရောက်ခဲ့ပါသည်။

စာပေဟောပြောပွဲတက်ရောက်ခြင်း

စာပေဟောပြောပွဲတက်ရောက်ခြင်း

(၁၇.၆.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ တွဲဘက်အတွင်းရေးမှူးတို့သည် မြန်မာအမျိုးသမီးများနေ့အကြို စာပေဟောပြောပွဲသို့ တက်ရောက်ခဲ့ပါသည်။

သစ်ပင်စိုက်ပျိုးခြင်းနှင့် လမ်းခင်းကုသိုလ်ဒါနပြုလုပ်ခြင်း

သစ်ပင်စိုက်ပျိုးခြင်းနှင့် လမ်းခင်းကုသိုလ်ဒါနပြုလုပ်ခြင်း

(၁၅.၆.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အဖွဲ့ဝင်သစ်(၅၀)ဦးနှင့် ကိုရီးယားဘာသာသင်ကြားနေသောလူငယ် လေးများနှင့်အတူ ညောင်ရွှေမြို့နယ်၊ နန်နဝန်ရပ်ကွက်အတွင်းရှိ ပေ(၅၀)လမ်းမကြီးဘေးယာများတွင် မျိုးသစ်ပင် (၃၀၀)ပင်စိုက်ပျိုးခြင်း၊ လမ်းမကြီးပေါ်ရှိပျက်စီးနေ‌သောနေရာများအား လမ်းခင်းကုသိုလ်ယူပြီး လက္ဘ်ရည်နှင့်မုန့်များဖြင့်ကျွေးမွေးကာ ကုသိုလ်ဒါနပြုခဲ့ကြပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၁၄.၆.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ  ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် သင်္ဃန်းကျွန်းမြို့နယ်၊ မြင်သာမြို့၊ မြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ စာရေးကိရိယာများ သွားရောက်လှူဒါန်းခဲ့ပါသည်။