Myanmar

အရည်အသွေးမြှင့်တင်ရေးသင်တန်းတက်ရောက်ခြင်း

အရည်အသွေးမြှင့်တင်ရေးသင်တန်းတက်ရောက်ခြင်း

(၁၁.၆.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၅)ဦးတို့သည် ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား အရည်အသွေးမြှင့်တင်ရေးသင်တန်းကို တက်ရောက်ခဲ့ပါသည်။

ဘိုးဘွားရိပ်သာဖွင့်ပွဲအခမ်းအနားသို့ သွားရောက်လှူဒါန်းခြင်း

ဘိုးဘွားရိပ်သာဖွင့်ပွဲအခမ်းအနားသို့ သွားရောက်လှူဒါန်းခြင်း

(၉.၆.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ အေင်ဇေရန်အောင်ဘိုးဘွားရိပ်သာဖွင့်ပွဲအခမ်း အနားသို့တက်ရောက်ပြီး အလှူငွေ သိန်း (၆၀)ကျပ် လှူဒါန်းခဲ့ပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၉.၆.၂၀၂၄)ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ အဖွဲ့ဝင်များသည် နေရပ်စွန့်ခွါတိမ်းရှောင်နေရသောမိသားစုများ၏ကလေးများကို KG, Grade 1 to 5 အထိပညာဆက်လက်သင်ကြားနိုင်ရေးအထောက်အပံ့အဖြစ် ကျောပိုးအိတ်၊ ကွန်ပါဘူး၊ စတီးချိုင့်၊ ရေဘူး၊ ဆွဲခြင်း၊ လေးကြောင်းမျဉ်းစာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကလေးငယ် (၃၅)ဦးအတွက် ထောက်ပံ့ကူညီလှူဒါန်းခဲ့ပါသည်။

သင်တန်းဖွင့်ပွဲနှင့် သင်တန်းဆင်းပွဲတက်ရောက်ခြင်း

သင်တန်းဖွင့်ပွဲနှင့် သင်တန်းဆင်းပွဲတက်ရောက်ခြင်း

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ (၃.၆.၂၀၂၄) ရက်နေ့မှ (၇.၆.၂၀၂၄)ရက်နေ့ထိ ကျင်းပပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၇.၆.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ အလုပ်အမှုဆောင်အစည်းအဝေးကိုကျင်းပပြုလုပ်ရာ ဥက္ကဌ၊ ဒုဥက္ကဌ၊ အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များနှင့် ရှေ့လုပ်ငန်းစဉ်များဆက်လက်လုပ်ဆောင်နိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

မ,တည်ငွေလှူဒါန်းခြင်း

မ,တည်ငွေလှူဒါန်းခြင်း

(၇.၆.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် တို့သည် ဥတ္တရသီရိမြို့နယ်၊ အ.ထ.က (၁၂)ကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းမုန့်ဈေး ဆိုင်ပြုပြင်နိုင်ရန်အတွက် အသင်းမှ အလှူငွေ (၅)သိန်းကျပ် လှူဒါန်းခဲ့ပါသည်။