Myanmar

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

(၆.၆.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ တိုင်းရင်းသားမိဘမဲ့ဂေဟာသို့ သွားရောက်၍ နံနက်အာရုဏ် ကြက်သားဆန်ပြုတ်လှူဒါန်းခြင်း၊ ဆန်၊ ဆီနှင့် အလှူငွေများ လှူဒါန်းခဲ့ပါသည်။

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း

(၆.၆.၂၀၂၄)ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကြီး ကြပ်မှုကော်မတီမှ အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လယ်ဝေးမြို့ Wisdom Light Preschool ပုဂ္ဂလိကမူလတန်းကြိုကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများနှင့် တည်ထောင်ခွင့်ပြုမိန့်ပေးနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၅.၆.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day)အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ပြီး ဆုရရှိသူများနှင့် မှတ်တမ်းဓါတ် ပုံရိုက်ကူးခဲ့ကြပါသည်။

သစ်ပင်စိုက်ပျိုးပွဲ

သစ်ပင်စိုက်ပျိုးပွဲ

(၅.၆.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် (၂၀၂၄)ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို တက်ရောက်စိုက်ပျိုးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃.၆.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ဓမ္မစရိယ၊ ပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်သံဃာတော်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

နားမကြားသောကလေးများကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

နားမကြားသောကလေးများကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁.၆.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များသည် မသန်စွမ်းသူများအားစောင့်ရှောက်မှုအဖြစ် လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်းသို့သွားရောက်၍ ကလေး(၂၅)ဦးအတွက် နေ့လည်စာအာဟာရ ကြက်သားဒံပေါက်၊ အအေးများ၊ ဆပ်ပြာမွှေးခဲများ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ သွားတိုက်တံနှင့် ဗလာစာအုပ်များကို လှူဒါန်းခဲ့ကြပါသည်။