Myanmar

သောက်သုံးရေသွားရောက်လှူဒါန်းခြင်း

သောက်သုံးရေသွားရောက်လှူဒါန်းခြင်း

(၁၉.၅.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း(၁)နှစ်ပြည့်အထိမ်းအမှတ်အလှူအဖြစ် ဒက္ခိဏသီရိမြို့နယ်၊ ကံပြားကျေးရွာရှိ အိမ်ခြေ (၇၀)အား သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၉.၅.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်း(၁)နှစ်ပြည့်အထိမ်းအမှတ်အလှူအဖြစ် ဥတ္တရသီရိမြို့နယ်၊ ကုတင် (၅၀၀) ဆံ့သားဖွားမီးယပ် အထူးကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသော လူနာများနှင့် လူနာစောင့်များကို နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သားဟင်း၊ ကန်စွန်ရွက်ချဉ်ရည်ဟင်းတို့ကို သွားရောက် လှူဒါန်းခဲ့ကြပါသည်။

သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

(၁၉.၅.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံ ကွန်ပျူတာသင်တန်းအမှတ်စဉ် (၂)သင်တန်းဆင်းပွဲနှင့် ကျောင်းစာကြည့်တိုက်များသို့ စာအုပ်များပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က (၁၂)ကျောင်း၌ ကျင်းပပြုလုပ်ရာ အသင်းမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာမွှန်းမှ အမှာစကားပြောကြားပြီး သင်တန်းသား/သူများကို သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ သင်တန်းဆင်းဆရာမကို ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း၊ သင်တန်းသားတစ်ဦးမှ သင်တန်းတက်ရသည့်အကျိုးကျေးဇူးနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခြင်း၊

ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၁၇.၅.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကျင်းပပြုလုပ်သော ဘေဂျင်းလုပ်ငန်းစီမံချက်၏ လုပ်ငန်းနယ် (၁၂)ရပ်အကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် နိုင်ငံအဆင့်လေ့လာသုံးသပ်မှုအစီရင်ခံစာ BPFA+30 တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

စတုဒီသာကျွေးမွေးကုသိုလ်ပြုခြင်း

စတုဒီသာကျွေးမွေးကုသိုလ်ပြုခြင်း

(၁၂.၅.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ဈေးညောင်ပင်ကျေးရွာအုပ်စု၊ ရှေးဟောင်း သမိုင်းဝင်ရွှေတိဂုံလေး ဆံတော်ရှင်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပွဲအခမ်းအနားတွင် လူဦးရေ (၃၀၀၀)ကျော်အား မန်ကျည်းဖျော်ရည်၊ ဆေးကုလာမကျောက်ကျောနှင့် အအေးတို့ကို စတုဒီသာတိုက်ကျွေးကုသိုလ်ပြုခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၀.၅.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ရုံးခန်းမ၌ ကျင်းပပြုလုပ်သည့် “၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့” အခမ်းအနားသို့တက်ရောက်ပြီး ထာဝရငွေပဒေသာပင်အတွက် အလှူငွေများလှူဒါန်းခဲ့ကြပါသည်။