Myanmar

အောင်ချမ်းသာ(ပရဟိတ)သီလရှင်သင်ပညာရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အောင်ချမ်းသာ(ပရဟိတ)သီလရှင်သင်ပညာရေးကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၀.၅.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌနှင့် CEC များသည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အောင်ချမ်းသာ(ပရဟိတ) သီလရှင်သင်ပညာရေးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာကြီးနှင့် သီလရှင်ဆရာလေးများအတွက် အလှူငွေနှင့် လှူဘွယ်ပစ္စည်းများ၊ စာရေးကိရိယာများ၊ ဆေးဝါးများနှင့် အသင်းပြက္ခဒိန်တို့အား လှူဒါန်းခဲ့ကြပါသည်။

ဇေယျာရာမပရိယတ္တိသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ဇေယျာရာမပရိယတ္တိသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၀.၅.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌနှင့် CECများသည် ပျဉ်းမနားမြို့၊  ဇေယျာရာမပရိယတ္တိသီလရှင်စာသင်တိုက်သို့ သွားရောက်၍ကျောင်းထိုင်ဆရာကြီးနှင့် သီလရှင်ဆရာလေးများအတွက် အလှူငွေနှင့် လှူဘွယ်ပစ္စည်းများ၊ စာရေးကိရိယာများ၊ ဆေးဝါးများနှင့် အသင်းပြက္ခဒိန်တို့အား လှူဒါန်းခဲ့ကြပါသည်။

စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းနား

စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းနား

(၉.၅.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်တို့သည် နေပြည်တော်၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သော “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု”အခမ်းအနားသို့ တက်ရောက်ပြီး ခင်းကျင်းပပြသထားသော စာအုပ်စာစောင်များနှင့် ဓာတ်ပုံမှတ်တမ်းများအား နေပြည်တော်တိုင်း MWCDF အသင်းအဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုလေ့လာခဲ့ပါသည်။

ကျန်းမာရေးကူညီစောင့်ရှောက်မှု

ကျန်းမာရေးကူညီစောင့်ရှောက်မှု

(၉.၅.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများ၏ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများခွဲစိတ်ပေးခြင်းနှင့် သက်ကြီးဘိုးဘွားများ သွားတု(အံကပ်)တပ်ဆင်ပေးခြင်း အစီအစဉ်တွင်ပူးပေါင်းပါဝင်၍ ဆေးကုသခံယူကြသော အဘိုးဘွား (၇၀)ဦးနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများအတွက် မုန့်၊ ဖျော်ရည်ဘူးများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂၀၂၄)ခုနှစ် အခမ်းအနားတက်ရောက်ခြင်း

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂၀၂၄)ခုနှစ် အခမ်းအနားတက်ရောက်ခြင်း

(၇.၅.၂၀၂၄)ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၅)ဦးတို့သည် နေပြည်တော်၊ ပျဉ်မနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ ဗိမာန်တော်ကြီး၌ကျင်းပပြုလုပ်သည့် မေလ (၇)ရက်နေ့ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄)ခုနှစ် အခမ်းအနားသို့တက်ရောက်ပြီး အသက် (၅)နှစ်အောက်ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများနှင့် အာဟာရအဖြစ် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

အသိပညာပေးအခမ်းအနားတက်ရောက်ခြင်း

အသိပညာပေးအခမ်းအနားတက်ရောက်ခြင်း

(၇.၅.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသော ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။