Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁.၅.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော “ကမ္ဘာ့အလုပ်သမားနေ့” အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနား တက်ရောက်ခြင်း

ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနား တက်ရောက်ခြင်း

(၂၈.၄.၂၀၂၄)ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် ပျဉ်းမနားခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ခဲ့ပါသည်။

အန္တရာယ်ကင်းပရိတ်တရားနာယူခြင်း

အန္တရာယ်ကင်းပရိတ်တရားနာယူခြင်း

(၂၃.၄.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ရုံးချုပ်၌ နှစ်ဦးအလှူ အန္တရာယ်ကင်းပရိတ်တရားနာယူခြင်း အခမ်းအနားတွင် ပါရမီဗုဒ္ဓဝိဟာရ ကျောင်းတိုက်၊ မဟာဝိဇီတာရုံကျောင်းတိုက်နှင့် ကံလှတောရကျောင်းတိုက်တို့မှ သံဃာတော်အရှင်သူမြတ် (၅)ပါးပင့်ဖိတ်၍ ပရိတ်တရားတော်များနာယူပြီး နဝကမ္မအလှူငွေ၊ သင်္ကန်း၊ တရားစာအုပ်များနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

သက်ကြီးပူဇော်ပွဲအခမ်းအနား

သက်ကြီးပူဇော်ပွဲအခမ်းအနား

(၉.၄.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကချင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် သက်ကြီးပူဇော်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။

သက်ကြီးပူဇော်ပွဲအခမ်းအနား

သက်ကြီးပူဇော်ပွဲအခမ်းအနား

(၉.၄.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ရတနာစံပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၆.၄.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဇေယျာသီရိမြို့နယ်၊ ရတနာစံပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေကြသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။