Myanmar

ထောက်ပံ့ငွေပေးအပ်လှူဒါန်းခြင်း

ထောက်ပံ့ငွေပေးအပ်လှူဒါန်းခြင်း

(၅.၄.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဒုဥက္ကဌ၊ တွဲဖက်အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ပြည်နယ်နှင့်တိုင်းအသီးသီးမှ ရောက်ရှိလာသော နေရပ်စွန့်ခွါမိသားစုများအား ဒက္ခိဏသီရိမြို့နယ်၊ ပြည်ခိုင်ဖြိုးရုံးချုပ်၌ သွားရောက်တွေ့ဆုံ၍ ခေါက်ဆွဲခြောက်များ၊ ကော်ဖီမစ်များ၊ အချိုရည်များနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ကြက်ခြေနီကြီးကြပ်ကော်မတီ၏ (၁/၂၀၂၄)အစည်းအဝေး

ကြက်ခြေနီကြီးကြပ်ကော်မတီ၏ (၁/၂၀၂၄)အစည်းအဝေး

(၃.၄.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်ကော်မတီ၏ (၁/၂၀၂၄)အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း

ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း

(၃.၄.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၄)ဦးတို့သည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာန၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနတို့မှ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် တိုက်ပွဲကြောင့်ထိခိုက်ခံစားရသော ဒေသခံပြည်သူလူထုများကို အရှိန်အဟုန်မြှင့် ကူညီဆောင်ရွက်ပေးနိုင်ရန် ကျင်းပပြုလုပ်သော Child First Aid Training psychosocial support training ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၃၁.၃.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် အမရာမူကြိုကျောင်း၌သင်ယူပြီးမြောက်ခြင်း လက်မှတ်ပေးအပ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်၍ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

အသင်းသားသစ်ကြိုဆိုလက်ခံပွဲ ကျင်းပခြင်း

အသင်းသားသစ်ကြိုဆိုလက်ခံပွဲ ကျင်းပခြင်း

(၃၁.၃.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များသည် တောင်ကြီးမြို့၊ ခိုင်မေတ္တာဆေးရုံသင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် အသင်းသားသစ်လျှောက်လွှာများကြိုဆို လက်ခံပွဲအခမ်းအနားတွင် အသင်းဝင်အသစ်များနှင့်တွေ့ဆုံကြပြီး အမျိုးသမီးနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများအကြောင်း ရင်နှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ထောက်ပံ့ငွေလှူဒါန်းခြင်း

ထောက်ပံ့ငွေလှူဒါန်းခြင်း

(၃၁.၃.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကျန်းမာရေးကူညီစောင့်ရှောက်ရန်လိုအပ်နေသော အသဲရောဂါ ဝေဒနာရှင်အမျိုးသမီးအား သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။