Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၉.၁၀.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါက်တာနန္ဒာမွှန်း၊ ဒုဥက္ကဌ ဒေါ်သူဇာဝေ နှင့် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မွန်မွန်ထက် တို့သည် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁)(MICC-1)၊ ကျောက်စိမ်းခန်းမ၌ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၅.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင် ၁ ဦးသည် ပဲခူးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၅.၁၀.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်များသည် သီတင်းကျွတ်လပြည့်နေ့ အခါသမယ၌ လယ်ဝေးမြို့၊ ဧလာတိဏ္ဏစေတီတော်မြတ်ကြီးမှာ ဗုဒ္ဓရုပ်ပွါးတော် ၁၀၈ ဆူ တန်ဖိုး ၈၁၀၀၀၀/-ကျပ် ၊ ရေစေတီအကြီးတစ်ဆူ ရေသန့် ၁၀၈ ကဒ် တန်ဖိုး ၄၅၃၆၀၀/-ကျပ်၊ ပန်းတစ်သောင်း + သစ်သီးတစ်သောင်း + ဆီမီးတစ်သောင်းအတွက် အလှူငွေကျပ် နှစ်သိန်း၊ ဆရာတော်နဝကမ္မ အလှူငွေကျပ်တစ်သိန်း စုစုပေါင်းအလှူငွေကျပ် ၁၅၆၃၆၀၀/-ကျပ်(တစ်ဆယ့်ငါးသိန်း ခြောက်သောင်းသုံးထောင့်ခြောက်ရာကျပ်) တိတိကို စုပေါင်းလှူဒါန်းခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၅.၁၀.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင် ဒေါ်ယဉ်ကြည်သည် လားရှိးမြို့၊ အထက (၆) ကျောင်း၌ ကျင်းပသော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့  တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၅.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၁ ဦးသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊  စုပေါင်းရုံးခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၄.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၁ ဦးသည် (၂၆ )  ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့  မကွေးတိုင်းဒေသကြီး ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်များအား  အောင်သပြေပန်းဖြင့်ပို့ဆောင်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။