Myanmar

သင်တန်းဖွင့်ပွဲကျင်းပခြင်း

သင်တန်းဖွင့်ပွဲကျင်းပခြင်း

(၃၀.၃.၂၀၂၄)ရက်နေ့တွင် ဥတ္တရသီရိမြို့၊ အမှတ် (၁၂) အခြေပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ကြီးမှူးကျင်းပသော ကျောင်းအခြေပြု နွေရာသီကွန်ပျူတာသင်တန်းအမှတ် (၂)ဖွင့်ပွဲအခမ်းအနားကို MWCDF အသင်းမှ ဗဟိုအလုပ်အမှုဆောင်များ၊ သင်တန်းနည်းပြဆရာမနှင့် အ.ထ.က (၁၂)ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်သား/သူများတက်ရောက်ကြပြီး အခမ်းအနားတွင် MWCDF အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာမွှန်းမှ အမှာစကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာမမှ အမှာစကားပြောကြားခြင်း၊ အသင်းဗဟိုအလုပ်အမှုဆောင်မှ သင်တန်းနည်းပြဆရာမအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း၊ ကျောင်းသား/သူများနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ပြီး သင်တန်း ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

နေရပ်စွန့်ခွါပြည်သူများအား ထောက်ပံ့လှူဒါန်းခြင်း

နေရပ်စွန့်ခွါပြည်သူများအား ထောက်ပံ့လှူဒါန်းခြင်း

(၂၉.၃.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ်၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ ဝိုင်းမော်မြို့နယ်၊ မိုင်းနားအုပ်စု၊ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအတွက် ဆန်၊ မာမားခေါက်ဆွဲ၊ ကလေးကစားစရာအရုပ်များနှင့် အမျိုးသမီးလုံချည်များ ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။

မဟာဝိသုတာရာမ သီဟိုဠ်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

မဟာဝိသုတာရာမ သီဟိုဠ်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၃.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မဟာဝိသုတာရာမ သီဟိုဠ်ကျောင်းတိုက် မိဘမဲ့၊ ပရိယတ္တိ၊ ပရဟိတကျောင်းရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး နဝကမ္မအလှူငွေ၊ သင်္ကန်း၊ ထီး၊ ဖိနပ်၊ လှူဖွယ်ခြင်းစုံ၊ စာရေးကိရိယာများလှူဒါန်းခြင်းနှင့် စာသင်သားကိုရင်လေးများကို အအေးနှင့်မုန့်များ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

အမှတ် (၂)တပ်မတော်ဆေးရုံ ခုတင် (၁၀၀၀)သို့ သွားရောက်လှူဒါန်းခြင်း

အမှတ် (၂)တပ်မတော်ဆေးရုံ ခုတင် (၁၀၀၀)သို့ သွားရောက်လှူဒါန်းခြင်း

(၂၅.၃.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းနှင့် M-Angel ပါရမီဖြည့်ဖက်ညီအစ်မများနှင့်စုပေါင်း၍ အမှတ် (၂)တပ်မတော်ဆေးရုံ ခုတင် (၁၀၀၀)တွင် သွေးလှူဒါန်းခြင်း၊ ဆေးကုသမှုခံယူလျက်ရှိသော တပ်မတော်သားများအတွက် အလှူငွေများနှင့် အစားအသောက်များ သွားရောက်လှူဒါန်းခဲ့ကြပါသည်။

လှူဒါန်းချီးမြှင့်ပွဲမင်္ဂလာအခမ်းအနား

လှူဒါန်းချီးမြှင့်ပွဲမင်္ဂလာအခမ်းအနား

(၂၄.၃.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ကြီးတွင် ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းချီးမြှင့်ပွဲ မင်္ဂလာအခမ်းအနားသို့တက်ရောက်ကြပြီး ဆရာတော်ကြီး (၃၈)ပါးအား ဝတ္ထုငွေများဆက်ကပ်လှူဒါန်း ခဲ့ကြပါသည်။

စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူဒါန်းခြင်း အခမ်းအနား

စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူဒါန်းခြင်း အခမ်းအနား

(၂၄.၃.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီး ဘက်စုံပြန်လည်မွမ်းမံပြုပြင်ပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူခြင်းမင်္ဂလာအခမ်းအနားတွင် ပါဝင်ကူညီလှူဒါန်းခဲ့ကြပါသည်။