Myanmar

လုပ်ငန်းညှိနှိုင်းအစည်းအဝေး

လုပ်ငန်းညှိနှိုင်းအစည်းအဝေး

(၂၃.၃.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှအသင်းဝင်များသည် တိုင်းဒေသကြီးအစိုးရရုံးတွင် ကျင်းပပြုလုပ်သည့် MSMES စီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သင်တန်းဆင်းပြီးမြောက်ပြီး ကိုယ်ပိုင်စီးပွားရေးပြုလုပ်နိုင်သည်အထိ MSMES အဖွဲ့မှ  ကြည့်ရှုစစ်ဆေးခြင်း၊ လက်တွေ့ပြသခြင်းများ ဆောင်ရွက်ပေးသွားခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်ခြင်း

သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်ခြင်း

(၂၂.၃.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အသိပညာပေးဆွေးနွေးပွဲ

အသိပညာပေးဆွေးနွေးပွဲ

(၂၀.၃.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌသည် တိုင်းအမျိုးသမီးကော်မတီမှ ကျင်းပသည့် Gender, CEDAW, NSPAW ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၀.၃.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MW CDF)အသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် မော်လမြိုင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် အမှတ် (၃)မူလတန်းကြိုကျောင်း၏ ရင်သွေးငယ်များကျောင်းဆင်းဂုဏ်ပြု လက်မှတ်ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း

သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း

(၁၈.၃.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၅.၃.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MW CDF)အသင်းမှ ဥက္ကဌ (မိသားစု)သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)တွင် တက်ရောက်ဆေးကုသခံယူနေသော မီးဖွားမိခင်များနှင့် အမျိုးသမီးလူနာများအား နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သားဟင်းနှင့် မုန်လာဥချဉ်ရည်ဟင်းတို့ကို အလှူရှင်မိသားစုကိုယ်တိုင် ပေးဝေလှူဒါန်းခဲ့ကြပါသည်။