Myanmar

နှစ်ပတ်လည်အစည်းအဝေးတက်ရောက်ခြင်း

နှစ်ပတ်လည်အစည်းအဝေးတက်ရောက်ခြင်း

(၁၄.၃.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်တို့သည် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အနှစ် (၂၀)ပြည့်အထိမ်းအမှတ်နှင့် (၂၀)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနား

သင်တန်းဖွင့်ပွဲအခမ်းအနား

(၁၄.၃.၂၀၂၄)ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး(MWCDF)အသင်းရုံးချုပ်၌ ကျင်းပပြုလုပ်သော သတ္တမအကြိမ်မြောက် နွေရာသီ အင်္ဂလိပ်စာ (4 Skills) Elementary Level သင်တန်းဖွင့်ပွဲ အခမ်းအနားကို MWCDF အသင်းမှ ဒုတိယဥက္ကဌနှင့် အလုပ်အမှုဆောင်များ၊ သင်တန်းနည်ပြဆရာ၊ မြို့နယ်ပညာရေးမှူးနှင့် အ.ထ.က (၁၂) ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် MWCDF အသင်း ဒုတိယဥက္ကဌ ဒေါ်သူဇာဝေမှ အဖွင့်အမှာစကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာ ဦးမင်းစိုးသူရမှ အမှာစကားပြောကြားခြင်း၊ အမှတ်တရ မှတ်တမ်းဓါတ်ပုံများရိုက်ကူးပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၀.၃.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် မော်လမြိုင်မြို့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဘက်စုံမူကြိုကျောင်း၏ (၂၀၂၃-၂၀၂၄)ခုနှစ် ပညာသင်နှစ်ကျောင်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၈.၃.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၈.၃.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၌ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၈.၃.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဒုဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပြခန်းတွင် အသင်းလှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများပြသခဲ့ပါသည်။