Myanmar

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၈.၃.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC များသည် နေပြည်တော်၊ MICC-II ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပြခန်းတွင် ကြိမ်၊ ဝါးလက်မှုပစ္စည်းများအား ခင်းကျင်းပြသခဲ့ကြပါသည်။

လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်း တက်ရောက်ခြင်း

လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်း တက်ရောက်ခြင်း

(၆.၃.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သော လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းသို့ တက်ရောက်ခဲ့ကြပါသည်။

အိမ်ထောင်စုများနှင့် လမ်းလုပ်သားများအား ထောက်ပံ့လှူဒါန်းခြင်း

အိမ်ထောင်စုများနှင့် လမ်းလုပ်သားများအား ထောက်ပံ့လှူဒါန်းခြင်း

(၁.၃.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဒုဥက္ကဌနှင့် CEC များသည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကူညီထောက်ပံ့ရန်လိုအပ်သော အိမ်ထောင်စုများနှင့် လမ်းလုပ်သားများ စုစုပေါင်းလူဦးရေ (၅၀)ဦးအား ဆန်၊ ဆီ၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်ထုပ်နှင့် အဝတ်အထည်များကို ကိုယ်တိုင်လက်ရောက်ပေးလှူခဲ့ကြပါသည်။

ပြည်နယ်ကော်မတီအစည်းအဝေး တက်ရောက်ခြင်း

ပြည်နယ်ကော်မတီအစည်းအဝေး တက်ရောက်ခြင်း

(၂၈.၂.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် ကချင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီအစည်းအဝေးနှင့် ကချင်ပြည်နယ် အမျိုးသမီးကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနား တက်ရောက်ခြင်း

အခမ်းအနား တက်ရောက်ခြင်း

(၂၈.၂.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈၆)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

(၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတက်ရောက်ခြင်း

(၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတက်ရောက်ခြင်း

(၂၅.၂.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ပဲခူးမြို့၊ ဗုဒ္ဓဓမ္မဗိမာန်တော်တွင် ကျင်းပပြုလုပ်သည့် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။