Myanmar

ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားတက်ရောက်ခြင်း

ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားတက်ရောက်ခြင်း

(၁၆.၁.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုင်းထိပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားတွင် ပါဝင်လှူဒါန်းခြင်း

(၁၄.၁.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး(MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီးသာသနဝေပုလ္လ သီလရှင်စာသင်တိုက်တွင် ကျင်းပပြုလုပ်သော အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့တက်ရောက်၍ ဆွမ်းဆန်၊ မျက်နှာသုတ်ပုဝါ၊ သွားတိုက် ဆေး၊ ဆပ်ပြာခရင်(မ်)၊ အစာဖြေဆေးနှင့် တီးမစ်တို့ကို စုပေါင်းလောင်းလှူခဲ့ကြပါသည်။

ပညာရေးစုံညီပွဲတော်သို့တက်ရောက် ဆုချီးမြှင့်ခြင်း

ပညာရေးစုံညီပွဲတော်သို့တက်ရောက် ဆုချီးမြှင့်ခြင်း

(၁၃.၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ အ.မ.က (လွန်)ရွှေလှေကျောင်းတွင် ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ ပညာသင်ခုနှစ် ပညာရေးစုံညီပွဲတော်သို့တက်ရောက်၍ ဆုများချီးမြှင့်ခဲ့ပါသည်။

ပညာရေးစုံညီပွဲတော်သို့တက်ရောက် ဆုချီးမြှင့်ခြင်း

ပညာရေးစုံညီပွဲတော်သို့တက်ရောက် ဆုချီးမြှင့်ခြင်း

(၁၃.၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MW CDF)အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ MMH မူကြိုကျောင်းနှင့် အဆင့်မြင့်မူကြိုကျောင်းတို့တွင် ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ ပညာသင်ခုနှစ် ပညာရေးစုံညီပွဲတော်သို့ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့ပါသည်။

ပညာရေးစုံညီပွဲတော် အခမ်းအနားသို့တက်ရောက်ခြင်း

ပညာရေးစုံညီပွဲတော် အခမ်းအနားသို့တက်ရောက်ခြင်း

(၈.၁.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် မန္တလေးမြို့၊ အမှတ် (၁၆)၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့ တက်ရောက်ခဲ့ပြီး ဆုရရှိသောကျောင်းသား/သူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။

အစည်းအဝေးကျင်းပခြင်း

အစည်းအဝေးကျင်းပခြင်း

(၈.၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်း၏ (၅၁)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို အသင်းရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အသင်းဥက္ကဌမှ အမှာစကားပြောကြားပြီး မိမိတို့ကဏ္ဍအလိုက် လုပ်ဆောင်ခဲ့သည်များနှင့် ရှေ့ဆက်လုပ်ဆောင်ရန်အချက်များကို ဆွေးနွေးခဲ့ကြပါသည်။