Myanmar

မန်းတောင်ခြေ ဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

မန်းတောင်ခြေ ဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

(၇.၁.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF) အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များသည် မန်းတောင်ခြေ ဘိုးဘွားရိပ်သာရှိ ဘိုးဘွား (၆၁)ဦးအတွက် ဆေးပဒေသာပင်လှူဒါန်းခြင်း၊ ကွေကာ၊ ဘီစကစ်မုန့်၊ မန်းကျည်းသံပရာ အစာကြေဆေးနှင့် အလှူငွေများလှူဒါန်းခဲ့ပါသည်။

သာသနာ့ဂုဏ်ရည်သီလရှင်စာသင်တိုက်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာသို့ သွားရောက် လှူဒါန်းခြင်း

သာသနာ့ဂုဏ်ရည်သီလရှင်စာသင်တိုက်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာသို့ သွားရောက် လှူဒါန်းခြင်း

(၆.၁.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF) အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် သာသနာ့ဂုဏ်ရည်သီလရှင်စာသင်တိုက်ရှိ သီလရှင် ဆရာလေးများအတွက် သီလရှင်ဝတ်စုံများနှင့် စားသောက်ကုန်များလှူဒါန်းခဲ့ပြီး ဖန်ခါးမြေဘိုးဘွားရိပ်သာရှိအဘိုးအဘွားများအတွက် ဂွမ်းစောင်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

အားကစားပြိုင်ပွဲကျင်းပပြုလုပ်ခြင်း

အားကစားပြိုင်ပွဲကျင်းပပြုလုပ်ခြင်း

(၄.၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး(MWCDF) အသင်းမှ ဥက္ကဌနှင့် အသင်းဝင်များသည် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး (၇)ရပ်ကွက်နှင့် BBS ကိုယ်ပိုင်ပညာရေးကျောင်းတို့တွင် အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင်ကလေးများနှင့် ကြည့်ရှုအားပေးသူကလေးများအား ရေခဲမုန့်၊ ငှက်ပျောသီးနှင့် ကိတ်မုန့်များကျွေးမွေးခဲ့ပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ တက်ရောက်ခြင်း

ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ တက်ရောက်ခြင်း

(၃.၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး(MWCDF) အသင်းမှ ဥက္ကဌနှင့် အသင်းဝင်များသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ပါသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

(၁.၁.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး (MWCDF)အသင်းမှ ဥက္ကဌနှင့် အသင်းဝင်များသည် ပျဉ်းမနားမြို့၊ ဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သံဃာတော် (၁၀၈)ပါး၊ သီလရှင် (၄၅)ပါး၊ အဖိုးအဖွား (၃၇)ဦး တို့အား မျက်နှာသုတ်ပုဝါ၊ ကော်ဖီမစ်နှင့် မုန့်များ လှူဒါန်းခဲ့ပါသည်။

ဘွဲ့နှင်းသဘင်အခမ်းအနားတက်ရောက်ခြင်း

ဘွဲ့နှင်းသဘင်အခမ်းအနားတက်ရောက်ခြင်း

(၂၉.၁၂.၂၀၂၃)ရက်နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌ၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင်များသည် နေပြည်တော်၊ Grand Aster Villa Hotel ၌ကျင်းပပြုလုပ်သော နိုင်ငံတကာခေါင်းဆောင်မှုတက္ကသိုလ်၏ ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနာကို တက်ရောက်ခဲ့ပါသည်။