Myanmar

သင်တန်းတက်ရောက်ခြင်း

သင်တန်းတက်ရောက်ခြင်း

၃.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၂ ဦးသည် မကွေးပညာရေးကောလိပ် ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်သော  ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ်တွင်ဖွင့်လှစ်သော ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP)  အမှတ်စဉ် ၂  သင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂.၁၀.၂၀၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၁ ဦးသည် မကွေးမြို့၊ မြို့တော်ခန်းမ၌ မကွေးတိုင်း ဒေကြီးအစိုးရအဖွဲ့မှကျင်းပပြုလုပ်သော (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး  ဗဟိုအဆင့်ပြိုင်ပွဲသို့ မကွေးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို  တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၃ ဦးသည် မကွေးမြို့၊ အ.ထ.က (၃) ရှိ   အသက်  ၅ နှစ်မှ  ၇  နှစ်ကျော်သော  KG ကလေးများအား  DT ( ဆုံဆို့ရောဂါ ၊ မေးခိုင်ရောဂါ) နှင့်  အသက်  ၉ နှစ်ပြည့်ပြီး  ၁၀  နှစ် မကျော်သော ကျောင်းသား/သူများအား (HPV)  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားသို့  တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၅ ဦးသည် မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာတွင်ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့  ”   အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဘိုး/ ဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အလှူငွေများ လှူဒါန်းကန်တော့ခဲ့ကြပါသည်။ လှူဒါန်းမှုငွေ ၁၃၆,၀၀၀/-ကျပ်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေအသင်းမှ ဥက္ကဌ ဒေါ်ခင်စီ နှင့် အဖွဲ့ဝင် ၃ ဦးသည် ကွေးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပသော မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၁၀.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင် ၃ ဦးသည် ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။