Myanmar

အသိပညာပေးသင်တန်းသို့ တက်ရောက်ခြင်း

အသိပညာပေးသင်တန်းသို့ တက်ရောက်ခြင်း

(၂၀.၁၂.၂၀၂၃)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြန်မာစံလက်သင်္ကေတပြ ဘာသာစကားအသိပညာပေးသင်တန်းကို ရန်ကုန်တိုင်း MWCDF မှ အမှုဆောင် (၂)ဦးတက်ရောက်ခဲ့ပါသည်။

စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း

စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း

(၂၁.၁၂.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (B D M C)အမှတ်စဉ် (၂/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား

လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား

(၂၁.၁၂.၂၀၂၃)ရက်နေ့တွင် MWCDF အသင်းမှ တွဲဘက်အတွင်းရေးမှူးနှင့် ရန်ကုန်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်၊ မိုခါမုန်တိုင်းသင့်ပြည်သူများထံ ဆန်အိတ် (၄၈၀၀)အိတ်အား သင်္ဘောဖြင့်ပို့ဆောင်နိုင်ရန် ရန်ကုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးထံသို့ လွှဲပြောင်း/လက်ခံပြေစာနှင့် စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပါသည်။

မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနား

မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနား

(၁၉.၁၂.၂၀၂၃)ရက်နေ့တွင် MWCDF ဗဟိုရုံးချုပ်အသင်း၊ လပြည့်ဝန်းမိသားစုဖောင်ဒေးရှင်းနှင့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော Sowers Action (Hong  Kong)တို့ပူးပေါင်း၍ ရခိုင်ပြည်နယ်၊ မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် အိမ်ထောင်စု (၁၆၀၀)စုအား တစ်အိမ်ထောင်လျှင် (30kg)နှုန်းဖြင့် ဧည့်မထဆန် (10kg)အိတ် (၄၈၀၀) လှူဒါန်းခြင်းနှင့် လွှဲပြောင်းလက်ခံခြင်း အခမ်းအနားတွင် MWCDF အသင်း ဥက္ကဌ၊ တွဲဘက်အတွင်းရေးမှူးနှင့် ရန်ကုန်တိုင်း MWCDF အသင်းဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ပြီး ဂုဏ်ပြု မှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ရာ အသင်းမှ လက်ခံရယူခဲ့ပါသည်။

တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ရိက္ခာများထောက်ပံ့ပေးခြင်း

တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ရိက္ခာများထောက်ပံ့ပေးခြင်း

(၁၉.၁၂.၂၀၂၃)ရက်နေ့တွင် ကရင်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကော့ကရိတ်မြို့(မြောက်ပိုင်း)နောင်တစ်ပွဲရွာနှင့် ထီဖိုးစံရွာတို့တွင်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စုပေါင်း (၄၆၅)စု လူဦးရေးစုစုပေါင်း ပျမ်းမျှနှစ်ထောင်နီးပါးအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘူးသီး၊ ခရမ်းသီး၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး၊ ဂေါ်ဖီထုတ်၊ ငရုတ်သီးအစိမ်း/အခြောက်၊ ခရမ်းချဉ်သီးများစသည့် အသီးအနှံအစုံများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း

သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း

(၁၇.၁၂.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးသင်တန်းကျောင်း၌ မန္တလေးတိုင်း MWCDF အသင်းမှ ဆပ်ပြာဆီနှင့် ဆပ်ပြာခဲပြုလုပ်ခြင်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။