Myanmar

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၉.၁၁.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း၏ (၇/၂၀၂၃)အစည်းအဝေးကို ကျင်းပပြုလုပ်ရာ အသင်း ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များတက်ရောက်၍ အသင်းလှုပ်ရှားမှုများကို ရှင်းလင်းတင်ပြခြင်း၊ အသင်းဝင်အသစ်များအားကြိုဆိုခြင်း၊ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးဆုံးဖြတ်အတည်ပြုခဲ့ကြပါသည်။

ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခြင်း

ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခြင်း

(၁၉.၁၁.၂၀၂၃)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး MWCDF အသင်း မိသားစုများ၏ စုပေါင်းကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဂရုဏာပရဟိတ ဇယမင်္ဂလာမဟာစည်သာသနာ့ရိပ်သာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အာဟာရဒါနနှင့် အသုံးဆောင်ပစ္စည်းများ လှူဒါန်းခြင်း

အာဟာရဒါနနှင့် အသုံးဆောင်ပစ္စည်းများ လှူဒါန်းခြင်း

(၁၈.၁၁.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနရှိ အမျိုးသမီး (၅၃)ဦးအတွက် နေ့လယ်စာ ထမင်း+ဟင်း လှူဒါန်းခြင်းနှင့် ရေချိုးဆပ်ပြာ၊ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ ကွေကာအုတ်တို့ကို သွားရောက်လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၇.၁၁.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင် (၅)ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနမှ ပျဉ်းမနားခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ခန်းမ)တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးဟောပြောပွဲ တက်ရောက်ခြင်း

ဆွေးနွေးဟောပြောပွဲ တက်ရောက်ခြင်း

(၁၄.၁၁.၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) SSYEA မှ ဦးစီးကျင်းပပြုလုပ်သော Global Entrepreneurship Week ( GEW ) အထိမ်းအမှတ် ” RISING THROUGH ADVERSITY” အခက်အခဲကြားမှ ထိုးဖောက်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပွဲတွင် ရှမ်းပြည်နယ် ( တောင်ပိုင်း) MWCDF အသင်းဥက္ကဌ၊ အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၁၁.၂၀၂၃)နေ့တွင် MWCDF အသင်း၏ ဥက္ကဌ (မိသားစု)မှ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကုတင် (၅၀၀)ဆံ့ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ဆေးကုသခံယူနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ ထမင်း၊ ကြက်သားဟင်း၊ ချဉ်ရည်ဟင်းတို့ကို အလှူရှင် (မိသားစု)ကိုယ်စား အသင်း CEC အဖွဲ့ဝင်တို့က ကိုယ်တိုင်သွားရောက်ပေးဝေလှူဒါန်းခဲ့ပါသည်။