Myanmar

အသိပညာပေးဆွေးနွေးပွဲ တက်ရောက်ခြင်း

အသိပညာပေးဆွေးနွေးပွဲ တက်ရောက်ခြင်း

(၇.၁၁.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်းမှ အဖွဲ့ဝင်(၅)ဦးတို့သည် ကချင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပဆောင်ရွက်မည့် ပြည်နယ်အဆင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါသည်။

သောက်သုံးရေ ရရှိရေးပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း

သောက်သုံးရေ ရရှိရေးပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း

(၁၃.၁၁.၂၀၂၃) မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဖိုလေးလုံးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းရှိ စက်ရေတွင်းအား MWCDF အသင်း(ဗဟိုရုံးချုပ်)မှပံ့ပိုးမှုဖြင့် ပန့်တပ်ဆင်ခြင်းနှင့် စက်ရေတွင်းရေရရှိသည်အထိ လုပ်ငန်းဆောင်တာများ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါသည်။

MWCDFအသင်း၏ ပညာပေးရေးအစီအစဉ်

MWCDFအသင်း၏ ပညာပေးရေးအစီအစဉ်

(၉.၁၁.၂၀၂၃)ရက်နေ့တွင် MWCDFအသင်း၏ ပညာပေးရေးအစီအစဉ်တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရွှေကြာပျိုးခင်း အမှတ် (၁)၊ ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှ (G-6,G-8,G-9) ကျောင်းသား/သူ(၅၀)ဦးနှင့် ဒက္ခိဏသီရိမြို့နယ်၊ အောင်ချမ်းသာ (ပရဟိတ)သီလရှင်သင်ပညာရေးကျောင်းမှလည်း(G-6,G-8,G-9) ကျောင်းသား/သူ(၅၀)ဦး၊ ဆရာ/ဆရာမ(၆)ဦးတို့ကို အမျိုးသားစာကြည့်တိုက်နှင့် အမျိုးသားပြတိုက် တို့ကိုလေ့လာရေးပို့ဆောင်ပေးပြီး နေ့လည်စာအာဟာရများနှင့် အစာပြေအာဟာရများ ကျွေးမွေးခဲ့ပါသည်။ အသင်းအနေဖြင့် ယခုလိုပို့ဆောင်ပေးရတဲ့ ရည်ရွယ်ချက်လေးကတော့ ကျောင်းသား/သူများ စာကြည့်တိုက်နဲ့ရင်းနှီးပြီး ကျောင်းစာအပြင် ပြင်ပဗဟုသုတရဖွယ် စာပေများဖတ်ရှုခြင်း အလေ့အထများ ထွန်းကားလာစေရန်နှင့် စာဖတ်အားတွေထက်သန်ကာ ဉာဏ်ရည်တွေဖွံ့ဖြိုးတိုးတက်စေရန် ပညာပေး‌ရေးအစီအစဉ်များရေးဆွဲကာ ပို့ဆောင်ပေးခြင်းဖြစ်ပါသည်။

(ဆဌမအကြိမ်)မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားပြုလုပ်ခြင်း

(ဆဌမအကြိမ်)မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားပြုလုပ်ခြင်း

(၇.၁၁.၂၀၂၃)ရက်နေ့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်၊ မရှိခဏဘုရားကျောင်းတိုက်၌ MWCDF အသင်းနှင့် ဗဟိုအလုပ်အမှုဆောင်များ၏ (ဆဌမအကြိမ်)မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် သံဃာတော်အရှင်မြတ်များအား ကထိန်ညှပ်ကြီးသင်္ကန်း၊ သိန်း(၃၀)ကျပ် ငွေပဒေသာပင်အလှူတော်နှင့် အခြားလှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ထံမှ အနုမောဒနာ၊ တရားဒေသနာတော် နာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။ ၎င်းနောက် သံဃာတော်အရှင်မြတ်များနှင့် သာမဏေများကို နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ထားဝယ်ဗုဒ္ဓတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုသူများအား လှူဒါန်းခြင်း

ထားဝယ်ဗုဒ္ဓတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုသူများအား လှူဒါန်းခြင်း

(၂.၁၁.၂၀၂၃) ရက်နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်းဝင်များသည် တနင်္သာရီတိုင်း ထားဝယ်ဗုဒ္ဓတက်သိုလ်တွင် စာမေးပွဲဖြေဆိုသူ သံဃာတော်များနှင့် ကျောင်းသူ/ ကျောင်းသားများအား အအေးများလှူဒါန်းခြင်း ကုသိုလ်ပြုခဲ့ ကြပါသည်။

ဖွင့်ပွဲအခမ်းအနားဆောင်ရွက်ပေးခြင်း

ဖွင့်ပွဲအခမ်းအနားဆောင်ရွက်ပေးခြင်း

(၂.၁၁.၂၀၂၃) ရက်နေ့တွင် MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် တင်္နသာရီတိုင်းဒေသကြီး ထားဝယ်ရိုးရာ သပိတ်‌မျှောပွဲတော်တွင် ထားဝယ်ရိုးရာ အက​အဖွဲ့ဖျော်ဖြေရေး ဥက္ကဋ္ဌတာဝန်၊ ဖွင့်ပွဲအခမ်းအနားတာဝန်နှင့် သပိတ်‌မျှောရန် သပိတ်များစီစစ်ခြင်းတာဝန်များကို ဆောင်ရွက်ပေးခဲ့ကြပါသည်။