Myanmar

သီလရှင်စာသင်တိုက်ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

သီလရှင်စာသင်တိုက်ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၁၀.၂၀၂၃) ရက်နေ့တွင် MWCDF (ဗဟို)အသင်းနှင့် ပြည်နယ်/တိုင်းများမှ စုပေါင်းလှူဒါန်းမှုများကို ပဲခူးတိုင်းဒေသကြီးMWCDF ဥက္ကဌကြီး၏ ဦးဆောင်မှုနှင့်အတူ MWCDF-Bagoအဖွဲ့ဝင်များမှ ပဲခူးမြို့ပေါ်ရှိ ရေလွှမ်းမိုးခံခဲ့ရ‌သော သီလရှင်စာသင်တိုက်များဖြစ်သည့် လိပ်ပြာကန်သီလရှင်စာသင်တိုက်နှင့် သုခိတာရာမသီလရှင်စာသင်တိုက်များကို သွားရောက်၍ လှူဒါန်းခဲ့ကြပါသည်။

ပဲခူးတိုင်း ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်လှူဒါန်းခြင်း

ပဲခူးတိုင်း ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၂.၁၀.၂၀၂၃) သဘာဝဘေးအန္တရာယ်ဖြစ်ပေါသည့် ပဲခူးမြို့၊ ဖောင်တော်ဦးကျောင်းသစ် ရေဘေးစခန်းသို့ MWCDF အသင်းနှင့် ပြည်/နယ်တိုင်းအသင်းများမှ ထမင်းဗူးများ၊ ရေသန့်ဗူးများနှင့် စားသောက်ဖွယ်ရာများကို သွားရောက်လှူဒါန်းခဲ့ကြပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၃.၁၀.၂၀၂၃)နေ့တွင် MWCDF အသင်း၏ နာယကကြီး (မိသားစု)မှ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကုတင် (၅၀၀)ဆံ့ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ဆေးကုသခံယူနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ ထမင်း၊ ကြက်သားဟင်း၊ ချဉ်ရည်ဟင်းတို့ကို အလှူရှင် (မိသားစု)ကိုယ်စား MWCDF အသင်း ဥက္ကဌ၊ တွဲဘက်ဘဏ္ဍာရေးမှူး၊ နေပြည်တိုင်းအသင်း ဥက္ကဌ တို့မှ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ကြပါသည်။

ပဲခူးရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှု

ပဲခူးရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှု

(၁၁.၁၀.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်များမှ ပဲခူးရေဘေးသင့်ပြည်သူများအတွက် အလှူငွေ (၆၅၀,၀၀၀)ကျပ်တိတိအား လှူဒါန်းခဲ့ကြပါသည်။

ကလေးများအတွက် လိုအပ်သောပစ္စည်းများ သွားရောက်လှူဒါန်းခြင်း

ကလေးများအတွက် လိုအပ်သောပစ္စည်းများ သွားရောက်လှူဒါန်းခြင်း

(11.10.23) နေပြည်တော်တိုင်း MWCDFအသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များမှ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန ကလေးပြုစုရေးဌာနသို့ အမွှေးပွအရုပ်၊ ခြေအိတ်၊ ခေါင်းစွပ်၊ ချွေးသုတ်ပုဝါ၊ ပုံဆွဲ​ရောင်စုံခဲတံ၊ ဘောလုံး အစုံပါဗူး -၅ ဗူး ၊ ဖိနပ် အရံ(၅၀) ၊ ကလေးဘောင်းဘီ ၁ဒါဇင် ၊ Diaper အကြီး(၂)ထုပ် တို့ကို သွားရောက်လှူဒါန်းရာ ကျောင်းအုပ်ကြီးမှ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ပါသည်။

MWCDF-Northern Shan State Chairman , vice Chairman & EC members give support & donation to Kindergarten school children at Myanmar Child & Women Association / MCWA , lashio Township in collaboration with Lashio district MWAF & MCWA . today .. (10–10-2023)

ရှမ်းပြည်နယ် (မြောက်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် MWCDF ဗဟိုရုံးချုပ်မှ ပံ့ပိုးပေးသော ကလေးကစားစရာများကို လာရှိုးမြို့၊ မြို့နယ် မိခင်နှင့်ကလေးအသင်း မူကြိုကျောင်းသို့ သွားရောက်ထောက်ပံ့ပြီး အသင်းအဖွဲ့ဝင်းများမှ ကလေးများအတွက် မုန့်များ၊ အချိုရည်ဗူးများ ပေးဝေလှူဒါန်းခဲ့ကြပါသည်။