Myanmar

MWCDF-Northern Shan State, chairman , vice chairman & EC members give support & donation to No.(1) Social & Welfare Kindergarten school children today . (10–10-2023)

MWCDF-Northern Shan State, chairman , vice chairman & EC members give support & donation to No.(1) Social & Welfare Kindergarten school children today . (10–10-2023)

ရှမ်းပြည်နယ် (မြောက်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် MWCDF ဗဟိုရုံးချုပ်မှ ပံ့ပိုးပေးသော ကလေးကစားစရာများကို လာရှိုးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ် (၁)မူကြိုကျောင်းသို့ သွားရောက်ထောက်ပံ့ပြီး အသင်းအဖွဲ့ဝင်းများမှ ကလေးများအတွက် မုန့်များ၊ အချိုရည်ဗူးများ ပေးဝေလှူဒါန်းခဲ့ကြပါသည်။

ဆွမ်းဆန်၊ ဆွမ်းဟင်းနှင့် ရေသန့်ကဒ် လှူဒါန်းမှု

ဆွမ်းဆန်၊ ဆွမ်းဟင်းနှင့် ရေသန့်ကဒ် လှူဒါန်းမှု

(၁၀.၁၀.၂၀၂၃)နေ့တွင် MWCDF  အသင်းမှ နေပြည်တော် ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ် ဘုန်းတော်ကြီးကျောင်း၌ စာချ + စာသင် သံဃာတော်အပါး (၅၆၀)တို့အား ဆွမ်းဆန် (၅)အိတ်၊ ရေသန့်ဘူး (၃၀၀)နှင့် ဆွမ်းဟင်းများဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

သဘာဝဘေးအန္တရာယ်အတွက် ကူညီထောက်ပံ့မှု

သဘာဝဘေးအန္တရာယ်အတွက် ကူညီထောက်ပံ့မှု

(၁၀.၁၀.၂၀၂၃)နေ့တွင် MWCDF ရုံးချုပ်မှ ပဲခူးမြို့တွင် ရေကြီးရေလွှမ်းမိုးလျက်ရှိသော ဇိုင်းဂနိုင်းတောင်ပိုင်းရှိ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်ဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံးတော်မူကြသော စာချ+ စာသင် သံဃာတော်အပါး (၅၆၀)တို့အား ဆွမ်း/ဆွမ်းဟင်း ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများကိုလည်း စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်းခဲ့ကြပါသည်။

အမျိုးသမီးကလေးများသင်တန်းကျောင်းတွင် လှူဒါန်းမှုနှင့် ဟောပြောဆွေးနွေးခြင်း

အမျိုးသမီးကလေးများသင်တန်းကျောင်းတွင် လှူဒါန်းမှုနှင့် ဟောပြောဆွေးနွေးခြင်း

(၈.၁၀.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်း၊ မန္တလေးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အမျိုးသမီးငယ်လေးများသင်တန်း ကျောင်းတွင် နေ့လည်စာ ထမင်း+ဟင်းများကျွေးမွေးခြင်း၊ စာရေးကိရိယာ၊ အသုံးအဆောင်ပစ္စည်းများ နှင့် အလှူငွေများ လှူဒါန်းခဲ့ပါသည်။ ထို့နောက် အသိပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဟောပြောပွဲပြုလုပ်၍ အမျိုးသမီးငယ်လေးများအား မန္တလေးတိုင်း MWCDF ဥက္ကဌမှ “အကုသိုလ်ကင်း နေထိုင်ခြင်း” ခေါင်းစဉ် နှင့် ဒုဥက္ကဌမှ “မြန်မာ့ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပါသည်။

ဥတ္တရာရုံ သီလရှင်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

ဥတ္တရာရုံ သီလရှင်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၇.၁၀.၂၀၂၃)နေ့တွင် ကချင်ပြည်နယ်၊ MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မိုးကောင်းမြို့၊ ဥတ္တရာရုံသီလရှင်ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းရှိ သီလရှင်ဆရာလေးများနှင့် ကျောင်းသား/သူများအား နေ့ဆွမ်းအာဟာရဒါန လှူဒါန်းခြင်း၊ အလှူငွေ၊ စာရေးကိရိယာ၊ အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ အခမ်းအနားတက်ရောက်ခြင်း

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ အခမ်းအနားတက်ရောက်ခြင်း

(၅.၁၀.၂၀၂၃)ရက်နေ့တွင် မွန်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးခဲ့ပါသည်။