Myanmar

စက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်ခြင်း

စက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်ခြင်း

(၃၀.၉.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ မြစ်ကြီးနားမြို့၊ ဗလမင်းထင် စက်မှုဘုန်းကြီးကျောင်း၌ ဖွင့်လှစ်ခဲ့သော ကျေးရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားတွင် တက်ရောက်၍ သင်တန်းတွင် ဆုရရှိခဲ့သောသင်တန်းသူ(၃)ဦးအား ပထမဆု အပ်ချုပ်စက်(၁)လုံး၊ ဒုတိယဆု လျှပ်စစ်မီးပူနှင့် တတိယဆု ချည်ပေါင်းသားဝမ်းဆက်များ ချီးမြှင့်ပေးခဲ့ပါသည်။    

သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်ခြင်း

သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၃၀.၉.၂၀၂၃)ရက်နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီမှ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သော “၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

မသန်စွမ်းကူညီထောက်ပံ့မှု

မသန်စွမ်းကူညီထောက်ပံ့မှု

(၂၉.၉.၂၀၂၃)နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်၊ ညောင်ပင်ကြီးစု၊ ကံလှကွက်သစ်ရှိ ရထားကြိတ်ခံရ၍ ခြေထောက်နှစ်ဖက် ဆုံးရှုံးသွားသော မသန်စွမ်းသူအမျိုးသမီးအား ခြေတု၊ ချိုင်းထောက်နှင့် Toile Seat များ ထောက်ပံ့လှူဒါန်းခြင်း၊ မျက်စိနှစ်လုံး အမြင်အာရုံချို့တဲ့သူအား ဆေးဖိုးအတွက် ထောက်ပံ့ငွေများ လှူဒါန်းခဲ့ပါသည်။

ပြင်ကြီး သာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ပြင်ကြီး သာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၉.၉.၂၀၂၃)နေ့တွင် MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်း MWCDF အသင်း အဖွဲ့ဝင်များသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြင်ကြီး သာသနဝေပုလ္လသီလရှင်စာသင်တိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာကြီးထံ ဝတ္ထုငွေ၊ သီလရှင်ဝတ်စုံ၊ လှူဖွယ်ခြင်း၊ စာရေးကိရိယာ၊ စားသေက်ကုန်နှင့် ဆေးဝါးများ လှူဒါန်းခဲ့ပါသည်။

ရွှေကြာပျိုးခင်း အမှတ်(၁)ဘ/က အလယ်တန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ရွှေကြာပျိုးခင်း အမှတ်(၁)ဘ/က အလယ်တန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၉.၉.၂၀၂၃)ရက်နေ့တွင် MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်း MWCDF အသင်း အဖွဲ့ဝင်များသည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရွှေကျရွာ၊ ရွှေကြာပျိုးခင်း အမှတ်(၁) ဘ/က အလယ်တန်းကျောင်းသို့ သွားရောက်၍ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဝတ္ထုငွေ၊ လှူဖွယ်များ ကပ်လှူခြင်းနှင့် ကျောင်းရှိ ရဟန်း၊ သာမဏေ၊ ဆရာ/မများ၊ ကျောင်းသား/သူများအတွက် စာရေးကိရိယာ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် ကျောင်းဝတ်စုံများ လှူဒါန်းခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၂၂.၉.၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့်အတွင်းရေးမှူး တို့သည် တောင်ကြီးမြို့၊ မူလတန်းကြိုကျောင်းခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကျင်းပပြုလုပ်သာ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု လုပ်ငန်းကြီးကြပ်ရေးအဖွဲ့  လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ ဆွေးနွေးခဲ့ပါသည်။