Myanmar

သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးသို့ တက်ရောက်ခြင်း

သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးသို့ တက်ရောက်ခြင်း

(၄.၉.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌ သည် နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်သော သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အသံမစဲပဌာန်းပွဲတွင် အလှူငွေ လှူဒါန်းခြင်း

အသံမစဲပဌာန်းပွဲတွင် အလှူငွေ လှူဒါန်းခြင်း

(၄.၉.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းသည် နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသော လယ်ဝေးမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဌာန်းမြတ်ပူဇော်ပွဲတွင် အလှူငွေ(၂)သိန်းကျပ် ပါဝင်လှူဒါန်းခဲ့ပါသည်။

အမျိုးသမီးသက်မွေးပညာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အမျိုးသမီးသက်မွေးပညာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၃.၉.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် မန္တလေးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အမျိုးသမီးသက်မွေးပညာသင်ကျောင်းသို့ သွားရောက်၍ အဝတ်သေတ္တာပုံးများလှူဒါန်းခြင်း၊ ရခိုင်မုန့်တီနှင့် ကြက်ဥများ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ကျောင်းသား/သူကလေးများအား အာဟာရနှင့် ကစားစရာအရုပ်များ လှူဒါန်းခြင်း

ကျောင်းသား/သူကလေးများအား အာဟာရနှင့် ကစားစရာအရုပ်များ လှူဒါန်းခြင်း

(၁.၉.၂၀၂၃)ရက်နေ့တွင် မကွေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် ချောင်းဖြူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် ညောင်ပင်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ မူကြိုနှင့် KG တန်းမှ ကျောင်းသား/သူ ကလေးများအား ကြက်သားအာဟာရဆန်ပြုတ်နှင့် ပဲနို့များ တိုက်ကျွေးပြီး ကလေးကစားစရာအရုပ်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။

အသင်းဝင်သစ်များအား ဝတ်စုံများ ပေးအပ်ခြင်း

အသင်းဝင်သစ်များအား ဝတ်စုံများ ပေးအပ်ခြင်း

(၃.၉.၂၀၂၃)ရက်နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် အသင်းအဖွဲ့ဝင် အသစ်များအား အသင်းဝတ်စုံများ ပေးအပ်ခဲ့ပါသည်။

ဒဂုံသီရိပရိယတ္တိစာသင်တိုက်တွင် ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း

ဒဂုံသီရိပရိယတ္တိစာသင်တိုက်တွင် ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း

(၃-၉-၂၀၂၃)နေ့တွင် ရန်ကုန်တိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် မြောက်ဒဂုံ ၃၃ ရပ်ကွက်၊ ဒဂုံသီရိပရိယတ္တိစာသင်တိုက်တွင် ဝါဆိုသင်္ကန်းဆက်ကပ်ပြီး နဝကမ္မဝတ္ထုငွေ၊ အချိုရည်၊ မုန့်မျိုးစုံနှင့် ဆပ်ပြာများ လှူဒါန်းခဲ့ပါသည်။