Myanmar

ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF မှ အသင်းသားအသစ်များအား အသင်းဝတ်စုံများ ပေးအပ်ခြင်းအခမ်းအနားနှင့်ဆပ်ပြာပြုလုပ်ခြင်းသင်တန်း သင်ကြားပို့ချခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF မှ အသင်းသားအသစ်များအား အသင်းဝတ်စုံများ ပေးအပ်ခြင်းအခမ်းအနားနှင့်ဆပ်ပြာပြုလုပ်ခြင်းသင်တန်း သင်ကြားပို့ချခြင်း

(၁၁.၈.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ ခိုင်မေတ္တာဆေးရုံ စာသင်ခန်းမတွင် အသင်းသားအသစ်များအား အသင်းဝတ်စုံများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် –             အသင်းအကြောင်း ရှင်းလင်းပြသပေးခြင်းနှင့် အသင်းလှုပ်ရှားမှုအဖြစ် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုဖြစ်သော ဆပ်ပြာဆီထုတ်လုပ်ခြင်းနှင့် လက်သန့်ဆေးရည်ပြုလုပ်နည်းပညာများကို လက်တွေ့သင်ကြားပို့ချပေးခဲ့ပါသည်။ အမျိုးသမီးများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆပ်ပြာဆီဖျော်နည်းသင်တန်းနှင့် Handgel ဖျော်နည်းသင်တန်းကို လက်တွေ့ပို့ချပေးသည့်အပြင် ကုန်ကြမ်းမှ ကုန်ချောစနစ်ထိ ထုတ်ပိုးမှုစနစ်အဆင့်ဆင့်ကို လက်တွေ့ပြသပေးခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

(၁၁.၈.၂၀၂၃)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် သုမေဓါရာမကြားတောရကျောင်းရှိ အိမ်ထောင်စု(၃၂)စု၊ လူဦးရေ(၁၃၅)ဦးအတွက် မာမားခေါက်ဆွဲခြောက်(၃၂)ဖါ၊ ရေသန့်ကြီး(၂၅)ကဒ် ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

ရေဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းမှု

(၁၁.၈.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ပညာမွန် ရေဘေးကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသော ရေဘေးသင့်ပြည်သူများနှင့် ရပ်ကွက်အတွင်းရှိ ရေဘေးသင့် အိမ်ထောင်စုများအား စားသောက်ကုန်များ၊ ထမင်းထုပ်၊ ရေဘူး၊ ခေါက်ဆွဲခြောက်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

ကူညီစောင့်ရှောက်ရန်လိုအပ်နေသော မိဖွားမိခင်များအား ကူညီပံ့ပိုးပေးခြင်း

ကူညီစောင့်ရှောက်ရန်လိုအပ်နေသော မိဖွားမိခင်များအား ကူညီပံ့ပိုးပေးခြင်း

(၁၁.၈.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ပညာမွန် ရေဘေးကယ်ဆယ်ရေးစခန်းမှ မိဖွားမည့် မိခင်နှင့် ရွှေချောင်းအနီး ကလျာနီ ရေကြီးနစ်မြုပ်နေသော ရပ်ကွက်မှ မီးဖွားမည့် မိခင်တို့အား မိခင်ကလေးသားဖွားခန်းသို့ ပို့ဆောင်၍ လိုအပ်သော ဆေးဝါး၊ အဝတ်အထည်၊ အနှီးပိတ်စ၊ အလှူငွေနှင့် စားသောက်ဖွယ်ရာများ ကူညီပံ့ပိုးလှူဒါန်းပေးခဲ့ပါသည်။

အသိပညာပေးသင်တန်း တက်ရောက်ခြင်း

အသိပညာပေးသင်တန်း တက်ရောက်ခြင်း

(၁၁.၈.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော Gender, CEDAW, NSPAW, UNSCR-1325 အသိပညာပေးသင်တန်းသို့ တက်ရောက်ခဲ့ပါသည်။

Zoom Meeting တက်ရောက်ခြင်း

Zoom Meeting တက်ရောက်ခြင်း

(၇.၈.၂၀၂၃)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)(ဗဟို)၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်အစည်းအဝေးသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များမှ Zoom Meeting ဖြင့် တက်ရောက်ခဲ့ပါသည်။