Myanmar

အ.မ.က(၃)ချင်းရွာ ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အ.မ.က(၃)ချင်းရွာ ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၃.၈.၂၀၂၃)နေ့တွင် MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် CEC တို့သည် နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ အ.မ.က(၃)ချင်းရွာကျောင်းရှိ ဆရာ/မ(၈)ဦးအတွက် စားသောက်ကုန်နှင့် ကျောင်းဝတ်စုံများ လည်းကောင်း၊ ကျောင်းသား/သူ(၁၅၅)ဦးအတွက် စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် မိုးကာအင်္ကျီများ လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

သင်တန်းတက်ရောက်ခြင်း

သင်တန်းတက်ရောက်ခြင်း

(၂၇.၇.၂၀၂၃ မှ ၃၁.၇.၂၀၂၃)ရက်နေ့အထိ ပဲခူးတိုင်း MWCDF အသင်းမှ အဖွဲ့ဝင်(၃)ဦးသည် ပဲခူးမြို့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ တိုင်းအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်း “သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း” သို့ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးဟောပြောမှု

ဆွေးနွေးဟောပြောမှု

(၂၈.၇.၂၀၂၃)နေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမ၌ CEC Myanmar Microfinance Company မှ ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌမှ “အမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် လူနေမှုဘဝမြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး အတွင်းရေးမှူးမှ “အသေးစားချေးငွေအကြောင်း” ရှင်းလင်းပြောကြားခဲ့ပါသည်။

ဝါဆိုသင်္ကန်းကပ်လှူခြင်း

ဝါဆိုသင်္ကန်းကပ်လှူခြင်း

(၂၇.၇.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ သာသနာ့ဗိမ္ဗာန်တော်ကြီး၌ တိုင်းအစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ပါဝင်ကုသိုလ်ပြု လှူဒါန်းဆက်ကပ်ခဲ့ပါသည်။

သုဇနကာရီ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

သုဇနကာရီ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၆.၇.၂၀၂၃)နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ဇေယျာသီရိ မြို့နယ်၊ သုဇနကာရီ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်းရှိ ကလေးများအတွက် အာဟာရနေ့လည်စာ၊ ညနေစာ ၊ မုန့်နှင့် စားသောက်ကုန်များ လှူဒါန်းခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၂၆.၇.၂၀၂၃)နေ့တွင် နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)(မူကြမ်း) ရေးဆွဲရေးအတွက် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ MWCDF အသင်းမှ CEC တက်ရောက်ဆွေးနွေးခဲ့ပါသည်။