Myanmar

သီတာရုံသီလရှင်ပညာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

သီတာရုံသီလရှင်ပညာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၃.၇.၂၀၂၃)နေ့တွင် မကွေးတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များ စုပေါင်း၍ မကွေးမြို့၊ သီတာရုံ သီလရှင်ပညာသင်ကျောင်းသို့ သွားရောက်၍ ကျောင်းရှိ သီလရှင်များ၊ ကျောင်းသား/သူများနှင့် တိုက်ပွဲရှောင်ကျောင်းသား/သူများအတွက် အခြေခံစားသောက်ကုန်များနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

သင်တန်းဆင်းပွဲတက်ရောက်ခြင်း

(၂၀.၅.၂၀၂၃ မှ ၂၂.၇.၂၀၂၃)ရက်နေ့အထိ နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့် ဘဏ္ဍာရေးမှူးတို့သည် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် “အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

နေ့ကလေးထိန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

နေ့ကလေးထိန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၁.၇.၂၀၂၃)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ တိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော နေ့ကလေးထိန်းကျောင်းသို့ သွားရောက်၍ ကလေးများအား အာဟာရပဲနို့နှင့် ပဲကိတ်များ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

မသန်စွမ်းသူတစ်ဦးအား လှူဒါန်းမှု

မသန်စွမ်းသူတစ်ဦးအား လှူဒါန်းမှု

(၂၀.၇.၂၀၂၃)နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ အပြောစွမ်းရည်မသန်စွမ်းသူ တစ်ဦး၏ နေအိမ်သို့ သွားရောက်၍ စားသောက်ကုန်နှင့်မုန့်များ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ကျောက်မော်ရပ် အ.မ.က ကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောခြင်း

ကျောက်မော်ရပ် အ.မ.က ကျောင်းသို့ သွားရောက်လှူဒါန်းခြင်းနှင့် ဟောပြောခြင်း

(၂၀.၇.၂၀၂၃)နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ ကျောက်မော်ရပ်, အ.မ.က ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများနှင့် ဆရာ/မများအတွက် ကျောင်းသုံးစာရေးကိရိယာနှင့်မုန့်များ ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းသား/သူများအား စည်းကမ်းရှိသော ပညာထူးချွန် ကျောင်းသား/သူများဖြစ်ရေး ဆွေးနွေးဟောပြောခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးခြင်း

တွေ့ဆုံဆွေးနွေးခြင်း

(၂၀.၇.၂၀၂၃)နေ့တွင် မကွေးတိုင်း၊ မကွေးမြို့၊ အ.ထ.က ဖိုလေးလုံး စက်ရေတွင်း ရေပြန်ထွက်ရှိရန် အတွက် မကွေးတိုင်း MWCDF ဥက္ကဌနှင့် အဖွဲ့ဝင်တို့သည် ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ မိဘများနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။