Myanmar

ဆွမ်းဆက်ကပ်လှူဒါန်းပွဲ

ဆွမ်းဆက်ကပ်လှူဒါန်းပွဲ

(၁၉.၇.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ တိုင်းအစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

စက်ချုပ်သင်တန်းဖွင့်လှစ်ခြင်း

စက်ချုပ်သင်တန်းဖွင့်လှစ်ခြင်း

(၁၈.၇.၂၀၂၃)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်းနှင့် အိမ်တွင်းမှုကျောင်းမှ ဆရာမများပူးပေါင်း၍ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၌ အမျိုးသမီးစက်ချုပ်သင်တန်း ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌမှ သင်တန်းသူများအား သင်ထောက်ကူ ပစ္စည်းများအတွက် အလှူငွေ လှူဒါန်းခဲ့ပါသည်။

သစ်ပင်စိုက်ပျိုးပွဲ

သစ်ပင်စိုက်ပျိုးပွဲ

(၁၇.၇.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မြောက်ရွာရှိ အေးငြိမ်းချမ်းသာပရဟိတ လူမှုကူညီရေးအသင်းနှင့်အတူ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပါသည်။

သစ်ပင်စိုက်ပျိုးပွဲ

သစ်ပင်စိုက်ပျိုးပွဲ

(၁၇.၇.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကျင်းပပြုလုပ်သော “သစ်ပင်စိုက်ပျိုးပွဲ” သို့ တက်ရောက်၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပါသည်။

ဆင်းရွှေလီဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

ဆင်းရွှေလီဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

(၁၅.၇.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့၊ “ဆင်းရွှေလီဘိုးဘွားရိပ်သာ” သို့ သွားရောက်၍ အဘိုးအဘွားများအား အလှူငွေ၊ မျက်နှာသုတ်ပုဝါ၊ ရေချိုးဆပ်ပြာနှင့် မုန့်များ လှူဒါန်းခဲ့ပါသည်။

သက်စမ်းရေမိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

သက်စမ်းရေမိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၅.၇.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့၊ ပါရမီလမ်း၊ ရပ်ကွက်(၁)တွင်ရှိသော “သက်စမ်းရေ” မိဘမဲ့ကလေးကျောင်းသို့ အလှူငွေနှင့် စားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ပါသည်။