ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF မှ EC Meeting ပြုလုပ်ခြင်း

(၁၅.၇.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်း၏ EC Meeting ကျင်းပပြုလုပ်ခဲ့ပါသည်။
Myanmar Women and Children Development Foundation

(၁၅.၇.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်း၏ EC Meeting ကျင်းပပြုလုပ်ခဲ့ပါသည်။

(၁၄.၇.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် တိုင်းလူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အမျိုးသမီးသက်မွေးပညာသင်ကျောင်းသို့ သွားရောက်၍ နေ့လည်စာအာဟာရ၊ ဆင်းတုတော်၊ စိတ်ပုတီး၊ တရားစာအုပ်၊ အဝတ်ထည့်ကော်ပုံးနှင့် လက်ဖက်ခြောက်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။

(၁၄.၇.၂၀၂၃)နေ့တွင် MWCDF အသင်းမှ တွဲဘက်ဘဏ္ဍာရေးမှူးနှင့် အဖွဲ့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက်အထိမ်းအမှတ်အနေဖြင့် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ မုန်လာဥချဉ်ရည်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။ ဆက်လက်ပြီး ဆေးရုံအုပ်ကြီးနှင့်တွေ့ဆုံ၍ ဆေးရုံအတွက် Hand Sanitizer Gel ဘူများ ပေးအပ် လှူဒါန်းခဲ့ပါသည်။

(၁၃.၇.၂၀၂၃)နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်(၆)လမှ (၃)နှစ်အရွယ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

(၁၃.၇.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်သော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း( ၂၀၂၃-၂၀၃၂)တွင် ထည့်သွင်းရန် အမျိုးသမီးများနှင့် လူ့အခွင့်အရေးကဏ္ဍနှင့် စပ်လျဉ်းသည့် မူဘောင်(မူကြမ်း)ကို ပြင်ဆင်၊ ဖြည့်စွက်ရေးဆွဲမည့် ညှိနှိုင်းဆွေးနွေးပွဲသို့ MWCDF အသင်းမှ CEC တက်ရောက်ခဲ့ပါသည်။

(၁၀.၇.၂၀၂၃)နေ့တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မဟာစည်မြို့မ ယဉ်ငေးသာသနာ့ရိပ်သာတွင် ကျင်းပပြုလုပ်သည့် ဗုဒ္ဓယဉ်ကျေးမှုအခြေပြုသင်တန်းတွင် ထူးချွန်စာအောင်ဆုရရှိသော ဆရာတော်အား တနင်္သာရီတိုင်း MWCDF အသင်းမှ အလှူငွေကပ်လှူခဲ့ပါသည်။