နေပြည်တော်တိုင်း MWCDF မှ EC Meeting ပြုလုပ်ခြင်း

(၉.၇.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း၏ EC Meeting ကျင်းပပြုလုပ်ခဲ့ပါသည်။
Myanmar Women and Children Development Foundation

(၉.၇.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း၏ EC Meeting ကျင်းပပြုလုပ်ခဲ့ပါသည်။

(၈.၇.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပသည့် မသန်စွမ်း (Autism)လေးများ၏ ဘောလုံးပြိုင်ပွဲတွင် အအေး၊ မုန့်၊ ရေသန့်ဘူး၊ မျက်နှာသုတ်ပုဝါနှင့် ပန်းစည်းများ ပေးအပ်ကာ အားပေးကြည့်ရှခဲ့ပါသည်။

(၇.၇.၂၀၂၃)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့်အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ အမှတ်(၂၀၇)အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်းခဲ့ပါသည်။

(၇.၇.၂၀၂၃)နေ့တွင် ဧရာဝတီတိုင်း MWCDF အသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များသည် ငပုတောမြို့နယ်၊ ဘုံကျော်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်၍ အလှူငွေ၊ စာရေးကိရိယာနှင့် မုန့်များ လှူဒါန်းခဲ့ပါသည်။

(၁.၇.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ အ.ထ.က(၁၀) ကျောင်း မူလတန်းရှိ KG, Great – 1 တွင် ပညာသင်ကြားနေသော ကျောင်းသား/သူများအတွက် ကျောင်းသုံးစာရေးကိရိယာများ သွားရောက်လှူဒါန်းခဲ့ပါသည်။

(၄.၇.၂၀၂၃ မှ ၆.၇.၂၀၂၃)ရက်နေ့အထိ တနင်္သာရီတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်(၁)ဦးသည် ထားဝယ်မြို့တွင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သည့် “တိုင်းရင်းသားစာပေယဉ်ကျေးမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ” သို့ တက်ရောက်ခဲ့ပါသည်။