Myanmar

လူငယ်ရေးရာအသိပညာပေးစာပေဟောပြောပွဲ

လူငယ်ရေးရာအသိပညာပေးစာပေဟောပြောပွဲ

(၆.၇.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အ.ထ.က ရွှေစက်တွင် ကျင်းပပြုလုပ်သည့် “လူငယ်ရေးရာ အသိပညာပေးစာပေဟောပြောပွဲ” သို့ တက်ရောက်ခဲ့ပြီး တန်ဖိုးငွေ-(၃)သိန်းကျပ်ရှိ ဗဟုသုတစာအုပ်စာပေများကို လှူဒါန်းပေးခဲ့ပါသည်။

အ.ထ.က(၁၂)ကျောင်းစာကြည့်တိုက်သို့ စာအုပ်စာစောင်များ လှူဒါန်းခြင်းအခမ်းအနား

အ.ထ.က(၁၂)ကျောင်းစာကြည့်တိုက်သို့ စာအုပ်စာစောင်များ လှူဒါန်းခြင်းအခမ်းအနား

(၄.၇.၂၀၂၃)ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနက ဥတ္တရခရိုင်၊ အခြေခံပညာဦးစီးဌာန အ.ထ.က(၁၂)ကျောင်းစာကြည့်တိုက်သို့ စာအုပ်စာစောင်များ လှူဒါန်းခြင်းအခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဒုဥက္ကဌ(၂)ဦး၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တိုင်းအဖွဲ့ဝင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင်- ပညာရေးနှင့်ပတ်သက်သည့် Video Clip ပြသခြင်း၊ မိုခါမုန်တိုင်းနှင့်ပတ်သက်သည့် မှတ်တမ်း Video Clip ပြသခြင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဒုတိယဥက္ကဌက

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၃)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် “၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ကချင်ပြည်နယ် MWCDF အသင်းမှ “မမေ့နိုင်သောမြေ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပါ သည်။ ထို့နောက် အသင်းသူ(၂)ဦးအား စီးပွားရေးစွမ်းဆောင်ဆု ချီူးမြှင့်ခြင်း ခံခဲ့ရပါသည်။ ၎င်းနောက် ဖျော်ဖြေပေးသော အသင်းနှင့် မူကြိုကလေး(၂)ဖွဲ့အား (၁)ဖွဲ့လျှင် (၁)သိန်းကျပ်ဖြင့် ဆုငွေ (၂)သိန်း ချီးမြှင့်ခဲ့ပါသည်။

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၌ ပဲခူးတိုင်း အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် “၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၃)နေ့တွင် မွန်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် မော်လမြိုင်မြို့၌ မွန်ပြည်နယ် အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် “၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား” သို့  တက်ရောက်ခဲ့ပါသည်။

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၃.၇.၂၀၂၃)နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၌ တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် “၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား” သို့ တက်ရောက်ခဲ့ပါသည်။