Myanmar

အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း

အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း

ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် လုပ်အမှုဆောင်များသည် ၁၆.၁၁.၂၀၂၅ ရက်နေ့တွင် ဆိပ်ကမ်းသာလမ်းရှိ MWCDF ရုံးချုပ်၌ သံဃာတော်(၃)ပါးပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များနာယူခြင်း၊ သင်္ကန်းများဆက်ကပ်လှူဒါန်းခြင်း၊ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းများပြုလုပ်ကာ ရေစက်ချအမျှပေးဝေခဲ့ကြပါသည်။ စုစုပေါင်းလှူဒါန်းမှုငွေ ၆၀၀,၀၀၀/-ကျပ် ဖြစ်ပါသည်။

သွားရောက်စစ်ဆေးခြင်း

သွားရောက်စစ်ဆေးခြင်း

နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် ဒုဥက္ကဌ တို့သည် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာကြီးကြပ်မှုကော်မတီ ECCD ကော်မတီအဖွဲ့ဝင်များနှင့်အတူ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း ၂ ရပ်ကွက်တွင် ဖွင့်လှစ်ထားသော (The Learning Nest Preschool) ပုဂ္ဂလိက မူလတန်းကြိုကျောင်း တည်ထောင်ခွင့်ပြုမိန့်ပေးနိုင်ရေးအတွက် သွားရောက်စစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင် ၃ ဦးသည် ၁၄.၁၁.၂၀၂၅ ရက်နေ့တွင် မကွေးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သော မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင် ၃ ဦးသည် ၁၄.၁၁.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သော ပဲခူးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ် အမှုဆောင်များသည် ၁၂.၁၁.၂၀၂၅ ရက်နေ့တွင် တိုင်းတပ်တွင်းမူလတန်းကြိုကျောင်းသို့သွားရောက်၍ မူကြိုကလေး ကျား ၁၁ ဦး၊ မ ၆ ဦးတို့အား ကစားစရာပစ္စည်းရုပ်စုံပုံးများ၊ ပေါင်မုန့်နှင့် အိုဗာတင်းတို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင် ၄ ဦးတို့သည် ၇.၁၁.၂၀၂၅ ရက်နေ့တွင် ထားဝယ်မြို့၊ အ.ထ.က (၃)ခန်းမတွင်ကျင်းပပြုလုပ်သော ထားဝယ်ရိုးရာယဉ်ကျေးမှုအက အခြေခံအကကွက်နှင့် အကဟန်များသင်တန်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။