Myanmar

သစ်ပင်စိုက်ပျိုးပွဲ

သစ်ပင်စိုက်ပျိုးပွဲ

(၁.၇.၂၀၂၃)ရက်နေ့တွင်မွန်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် မွန်ပြည်နယ် အမျိုးသမီးကော်မတီမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအထိမ်းအမှတ် “သစ်ပင်စိုက်ပျိုးပွဲ” သို့ တက်ရောက်စိုက်ပျိုးခဲ့ကြပါသည်။

သစ်ပင်စိုက်ပျိုးပွဲ

သစ်ပင်စိုက်ပျိုးပွဲ

(၁.၇.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဥက္ကဌ၊ ဒုဥက္ကဌ၊ CEC များနှင့် နေပြည်တော်တိုင်း MWCDF အဖွဲ့ဝင်များသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအထိမ်းအမှတ် “သစ်ပင်စိုက်ပျိုးပွဲ” သို့ တက်ရောက်စိုက်ပျိုးခဲ့ကြပါသည်။

စာတမ်းဖတ်ပွဲ အခမ်းအနား

စာတမ်းဖတ်ပွဲ အခမ်းအနား

(၃၀.၆.၂၀၂၃)နေ့တွင် ၂၀၂၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သည့် “မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုစာတမ်းဖတ်ပွဲ” အခမ်းအနားသို့ MWCDF အသင်းမှ ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် CEC များ တက်ရောက်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် MWCDF အသင်း ဒုဥက္ကဌ ဒေါ်သူဇာဝေမှ အသင်းကိုယ်စားပြု တင်သွင်းခဲ့သော “မြန်မာအမျိုးသမီးများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်အား စာတမ်းဖတ်ကြား တင်ပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးခွန်းများကိုလည်း ရှင်းလင်းဖြေကြားခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

(၃၀.၆.၂၀၂၃)နေ့တွင် နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သော “နေပြည်တော်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ” သို့ နေပြည်တော်တိုင်း MWCDF အသင်းဥက္ကဌမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၈.၆.၂၀၂၃)နေ့တွင် ပဲခူးတိုင်း၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တိုင်းအမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်ထုံးပြမှုပြပွဲ” အခမ်းအနားသို့ ပဲခူးတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

ချမ်းမြေ့သိင်္ဂီသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ချမ်းမြေ့သိင်္ဂီသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၈.၆.၂၀၂၃)နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည်  ပုဗ္ဗသီရိမြို့နယ်၊ ချမ်းမြေ့သိင်္ဂီသီလရှင်စာသင်တိုက်သို့ သွားရောက်၍ သီလရှင်ဆရာကြီးထံ စာရေးကိရိယာများ၊ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။