Myanmar

ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

(၂၇.၆.၂၀၂၃)နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ပြည်နယ်အမျိုးသမီးကော်မတီမှ ပြုလုပ်သော မြန်မာအမျိုးသမီးများနေ့အကြို ညှိနှိုင်းအစည်းအဝေးသို့ မွန်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

(၄၉)ကြိမ်မြောက် CEC Meeting

(၄၉)ကြိမ်မြောက် CEC Meeting

(၂၈.၆.၂၀၂၃)နေ့၊ နေပြည်တော် MWCDF (ရုံးချုပ်)၌ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)၏ (၄၉)ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၂၆.၆.၂၀၂၃)နေ့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော “ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး” သို့ မွန်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့်အတွင်းရေးမှူးတို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၆.၆.၂၀၂၃)နေ့၊ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)တွင် ကျင်းပပြုလုပ်သော “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အခမ်းအနားသို့ နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၂၀.၆.၂၀၂၃)နေ့၊ မကွေးတိုင်း၊ မကွေးမြို့၊ တိုင်းလူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သော “တိုင်းအမျိုးသမီးကော်မတီအစည်းအဝေး” သို့ မကွေးတိုင်း MWCDF အသင်းမှ အမှုဆောင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

သင်တန်းတက်ရောက်ခြင်း

သင်တန်းတက်ရောက်ခြင်း

(၁.၆.၂၀၂၃)နေ့၊  မကွေးတိုင်း၊ မကွေးမြို့၊ တိုင်းလူမှုဝန်ထမ်းရုံးတွင် ဖွင့်လှစ်သော “ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား အရည်အသွေးမြှင့်တင်ရေးသင်တန်း” သို့ မကွေးတိုင်း MWCDF အသင်းမှ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။