Myanmar

အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

(၂၂.၆.၂၀၂၃)နေ့၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ တိုင်းလူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သော “တိုင်း အမျိုးသမီးကော်မတီအစည်းအဝေးနှင့် အမျိုးသမီးများနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး အလုပ်ရုံဆွေးနွေးပွဲ” သို့ ဧရာဝတီတိုင်း MWCDF အသင်းမှ အတွင်းရေးမှူး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲတက်ရောက်ခြင်း

ဆွေးနွေးပွဲတက်ရောက်ခြင်း

(၂၀.၆.၂၀၂၃)နေ့၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆွေးနွေးပွဲသို့ ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ပြည်လုံးချမ်းသာ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ပြည်လုံးချမ်းသာ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၆.၆.၂၀၂၃)နေ့တွင် မွန်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ ပြည်လုံးချမ်းသာ (ဘ.က)ကျောင်းတွင် ဆရာတော်အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းသား/သူများအတွက် ကျောင်းသုံးစာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါသည်။

အမှတ်(၁) မူလတန်းကြိုကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အမှတ်(၁) မူလတန်းကြိုကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၅.၆.၂၀၂၃)နေ့တွင် ကချင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၊ အမှတ်(၁)အစိုးရမူလတန်းကြိုကျောင်းရှိ ကျောင်းသား/သူများအား နံနက်စာ ငါးဖယ်ဟင်းနှင့် ဘူးသီးဟင်းခါးဟင်းရည်တို့ဖြင့် အာဟာရကျွေးမွေးခဲ့ပါသည်။

သပြေကုန်းဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

သပြေကုန်းဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခြင်း

(၁၂.၆.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့၊ သပြေကုန်း ဘိုးဘွားရိပ်သာရှိ အဖိုး/အဖွားများအား အာဟာရနေ့လည်စာနှင့် မုန့်၊ ကွေကာများ သွားရောက် ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၁.၆.၂၀၂၃)နေ့တွင် MWCDF အသင်းမှ  တွဲဘက်ဘဏ္ဍာရေးမှူးနှင့် CEC တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက်အထိမ်းအမှတ်အနေဖြင့် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ မုန်လာဥချဉ်ရည်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။