ပညာရေးကူညီလှူဒါန်းမှု

(၁၁.၆.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကူညီထောက်ပံ့ရန် လိုအပ်နေသော ကုန်စိမ်းသည်တစ်ဦး၏ သားဖြစ်သူ (၅)တန်းကျောင်းသားအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
Myanmar Women and Children Development Foundation

(၁၁.၆.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကူညီထောက်ပံ့ရန် လိုအပ်နေသော ကုန်စိမ်းသည်တစ်ဦး၏ သားဖြစ်သူ (၅)တန်းကျောင်းသားအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

(၁၁.၆.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ရန်ကင်းတောင် အရှေ့မြောက်ဘက် သာခိုတောင်ခြေရှိ ရွှေဂူနီပရဟိတ(ဘ.က)ကျောင်းသို့ သွားရောက်၍ ဝတ္ထုငွေ၊ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

(၁၀.၆.၂၀၂၃)နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း၏ EC Meeting ကျင်းပပြုလုပ်ခဲ့ပါသည်။

(၉.၆.၂၀၂၃ မှ ၁၁.၆.၂၀၂၃)နေ့အထိ ပဲခူးတိုင်းလူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်း MWCDF အသင်းတို့ ပူးပေါင်း၍ အိမ်တွင်းမှု လက်မှုပညာ “လက်ကိုင်အိတ်ထိုးနည်းသင်တန်း” ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းသို့ ပဲခူးတိုင်း MWCDF အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

(၂.၆.၂၀၂၃)နေ့တွင် နယုန်လစာပြန်ပွဲဆုရရှိသူဆရာလေးများအား ပဲခူးတိုင်း MWCDF အသင်းမှ ချီးမြှင့်ဂုဏ်ပြုကန်တော့ခဲ့ကြပါသည်။

(၁.၆.၂၀၂၃)နေ့တွင် ပဲခူးတိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် အထက်တန်းကျောင်းသူများအား ကျောင်းဖွင့်ရာသီအတွက် ရေးစရာစာအုပ်နှင့် ဖတ်စရာအသိပညာပေးစာအုပ်များပေးဝေလှူဒါန်းခဲ့ပြီး သက်ငယ်မုဒိမ်းအကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။