Myanmar

MWCDF အသင်း၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ပြုလုပ်ခြင်း

MWCDF အသင်း၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ပြုလုပ်ခြင်း

(၁၉.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့်CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းအုပ်စု၊ ရွှေမြိုင်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အလှူတော်မင်္ဂလာအခမ်းအနားအစီအစဉ်တွင် – အစီအစဉ်(၁)အရ နမောတဿ(၃)ကြိမ် ရွတ်ဆို၍ ဘုရားကန်တော့ခြင်း၊ (၂) တောင်ဒဂုံနိကာယ်စာသင်တိုက် စာချနာယက ဘဒ္ဒ န္တကုမာရထံမှ (၅)ပါးသီလ ခံယူဆောက်တည်ခြင်း၊ (၃) ကထိန်သင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေ(၂၄)သိန်းကျပ် ကပ်လှူခြင်း၊ (၄) မေတ္တာသုတ် ပရိတ်တရားတော်နာကြားခြင်း၊ (၅) ကထိန်အနုမောဒနာတရားနာယူ ရေစက်ချအမျှဝေခြင်း၊ (၆) ဗုဒ္ဓသာသနာ စိရံတိဌ(၃)ကြိမ်ရွတ်ဆို၍

“ ကလေးသူငယ်များဖွံ့ဖြိုးတိုတက်ရေး အသိပညာပေးဟောပြောပွဲနှင့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနား”

“ ကလေးသူငယ်များဖွံ့ဖြိုးတိုတက်ရေး အသိပညာပေးဟောပြောပွဲနှင့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနား”

(၁၇.၁၁.၂၀၁၈)နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်ဖြစ်သော MWCDF အသင်းမှဦးစီးပြီး ရန်ကုန်တိုင်းလူမှုဝန်ထမ်းဌာန၊ ဧဒင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး၊ စေတနာလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ လပြည့်ဝန်း ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေး မိသားစုဂေဟာနှင့် Viva HongKong မှ ပူပေါင်းပါဝင်၍ ရွှေပြည်သာမြို့နယ်ရှိ ကလေးများနှင့် ဂေဟာကလေးများ အသိပညာပေး ဟောပြောပွဲ အခမ်းအနားအား ရွှေပြည်သာမြို့နယ်၊ စေတနာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာန မြောက်ပိုင်းခရိုင်ဦးစီးမှူးများ၊ မိတ်ဘက်အဖွဲ့အစည်းများ၊ ဧည့်သည်တော်များ၊ ဂေဟာများမှကလေးလူငယ်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင်- (၁) MWCDFအသင်း တွဲဘက်အတွင်းရေးမှူး ဒေါ်နီဆက်တင်ထူးမှ အခမ်းအနားပြုလုပ်ရသည့်

MMCWA အသင်း၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားတက်ရောက်ခြင်း

MMCWA အသင်း၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားတက်ရောက်ခြင်း

(၁၆.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ CEC များသည် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ ၂၀၁၈ခုနှစ်၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

MWCDF အဖွဲ့ဝင်များမှ စစ်ကိုင်းတိုင်း၊ ကန်ဖျားကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

MWCDF အဖွဲ့ဝင်များမှ စစ်ကိုင်းတိုင်း၊ ကန်ဖျားကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၁၁.၂၀၁၈)နေ့တွင် စစ်ကိုင်းတိုင်း MWCDF အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း၊ ကန်ဖျားကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာသို့ သွားရောက်၍ ပညာသင်ထောက်ပံ့ကြေး-(၉၀,၀၀၀)ကျပ်၊ Plastic Sticker-(၉၂)ခု တန်ဖိုး-(၃၀,၀၀၀)ကျပ်၊ ဆပ်ပြာခဲ-(၉၂)ခဲ တန်ဖိုး-(၁၅,၀၀၀)ကျပ် စုစုပေါင်း-(၁၃၅,၀၀၀)ကျပ်ဖိုး ထောက်ပံ့ လှူဒါန်းခဲ့ပါသည်။ ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် အဖိုးအဖွား(၃)ဦးအား တစ်ဦးလျှင်-(၁၀,၀၀၀)ကျပ်နှုန်းဖြင့် (၃၀,၀၀၀)ကျပ်အား လှူဒါန်းခဲ့ပါသည်။

စစ်ကိုင်းမြို့၊ သကျဓီတသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

စစ်ကိုင်းမြို့၊ သကျဓီတသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၁၁.၂၀၁၈)နေ့တွင် စစ်ကိုင်းတိုင်းမှ MWCDF အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့ရှိ သကျဓီတသီလရှင်စာသင်တိုက်သို့ သွားရောက်၍ သီလရှင်ဆရာကြီးထံ ဆွမ်းဆန်တော်(၁)အိတ်၊ မုန့်ပုံး(၁)ပုံး၊ သကြား(၅)အိတ်၊ လှူဘွယ်ခြင်း(၁)ခြင်း စုစုပေါင်း-(၇၄,၀၀၀)ကျပ်ဖိုး သွားရောက်လှူဒါန်းခဲ့ပါသည်။

MWAF အသင်း၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားတက်ရောက်ခြင်း

MWAF အသင်း၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားတက်ရောက်ခြင်း

(၁၄.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ CEC များသည် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ မဟာဗုဒ္ဓဝင်သာသနာပြု မင်းဝင်တောင်တော် စိန္တာမုနိကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။