Myanmar

ကျွန်းစုမြို့နယ်၊ လင်မလိုကြီးကျေးရွာ၌ ဆိုလာဖြင့် ကျေးရွာမီးလင်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

ကျွန်းစုမြို့နယ်၊ လင်မလိုကြီးကျေးရွာ၌ ဆိုလာဖြင့် ကျေးရွာမီးလင်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

(၁၁.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ အဖွဲ့ဝင်များသည် ကျွန်းစုမြို့နယ်၊ လင်မလိုကြီးကျေးရွာသို့ ဆိုလာဖြင့် ကျေးရွာမီးလင်းရေး ကိစ္စရပ်များ ဆောင်ရွက်ရန် သွားရောက်ခဲ့ပါသည်။ ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် MWCDF အသင်းမှ အိန္ဒိယနိုင်ငံ၊ Barefoot College ၌ ဆိုလာနည်းပညာသင်တန်းတက်ရောက်နိုင်ရန် ပံ့ပိုမှုများပေးခဲ့သည့် လင်မလိုကြီးကျေးရွာမှ ဆိုလာသင်တန်းတက်ရောက်ပြီးသူ အမျိုးသမီးကြီး(၂)ဦး၊ ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာသူ/သား များနှင့် တွေ့ဆုံခဲ့ပါသည်။ ထို့နောက် ဆိုလာအမျိုးသမီးကြီး(၂)ဦးမှ ကျေးရွာသူ/သားများအား ဆိုလာတပ်ဆင်အသုံးပြုပုံ အဆင့်ဆင့်ကို လက်တွေ့ရှင်းလင်းပြသခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာသူ/သားများမှ ယခုလို မိမိတို့ကျေးရွာအား ဆိုလာမီးဖြင့် မီးလင်းအောင်

ကျွန်းစုမြို့နယ်၊ ကျားကြီးအော်ကျေးရွာ၌ ဆိုလာဖြင့် ကျေးရွာမီးလင်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

ကျွန်းစုမြို့နယ်၊ ကျားကြီးအော်ကျေးရွာ၌ ဆိုလာဖြင့် ကျေးရွာမီးလင်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

(၁၀.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ အဖွဲ့ဝင်များသည် ကျွန်းစုမြို့နယ်၊ ကျားကြီးအော်ကျေးရွာ သို့ ဆိုလာဖြင့် ကျေးရွာမီးလင်းရေး ကိစ္စရပ်များ ဆောင်ရွက်ရန် သွားရောက်ခဲ့ပါသည်။ ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် MWCDF အသင်းမှ အိန္ဒိယနိုင်ငံ၊ Barefoot College ၌ ဆိုလာနည်းပညာသင်တန်းတက်ရောက်နိုင်ရန် ပံ့ပိုမှုများပေးခဲ့သည့် ကျားကြီးအော်ကျေးရွာမှ ဆိုလာသင်တန်းတက်ရောက်ပြီးသူ အမျိုးသမီးကြီး(၂)ဦးနှင့် ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ဆိုလာအမျိုးသမီးကြီး(၂)ဦးမှ ကျေးရွာသူ/သားများအား ဆိုလာတပ်ဆင် အသုံးပြုပုံ အဆင့်ဆင့်ကို လက်တွေ့ရှင်းလင်းပြသခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာသူ/သားများမှ ယခုလို မိမိတို့ကျေးရွာအား ဆိုလာမီးဖြင့်

ကျွန်းစုမြို့နယ်၊ ရေတပ်စခန်းရှိ စာကြည့်တိုက်နှင့် ဓမ္မာရုံသို့ သွားရောက်လှူဒါန်းခြင်း

ကျွန်းစုမြို့နယ်၊ ရေတပ်စခန်းရှိ စာကြည့်တိုက်နှင့် ဓမ္မာရုံသို့ သွားရောက်လှူဒါန်းခြင်း

(၁၀.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC များသည် ကျွန်းစုမြို့တွင်ရှိသော ရေတပ်စခန်းဌာနချုပ်တွင် ဖွင့်လှစ်ထားသည့် တပ်တွင်းစာကြည့်တိုက်သို့သွားရောက်၍ အသင်းမှ ယူဆောင်လာသော စာအုပ်များအား ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ MWCDF အသင်းမှ အဖွဲ့များသည် ရေတပ်ဌာနချုပ် ဓမ္မာရုံသို့သွားရောက်ကာ ဓမ္မာရုံ တာဝန်ခံအရာရှိအား အသင်းမှ အလှူငွေ(၂)သိန်း ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကျွန်းစုမြို့နယ်၊ ထိန်ချောင်းကျေးရွာရှိ အောင်တော်မူကျောင်းတိုက်နှင့် ကမ်းနားဆိပ်ရှိ သံသရာအေးကျောင်း သို့ သွားရောက်လှူဒါန်းခြင်း

ကျွန်းစုမြို့နယ်၊ ထိန်ချောင်းကျေးရွာရှိ အောင်တော်မူကျောင်းတိုက်နှင့် ကမ်းနားဆိပ်ရှိ သံသရာအေးကျောင်း သို့ သွားရောက်လှူဒါန်းခြင်း

(၁၀.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် ကျွန်းစုမြို့နယ်၊ ထိန်ချောင်းကျေးရွာရှိ အောင်တော်မူကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံ အသင်းမှ ဝတ္ထုငွေ(၃)သိန်းကျပ်၊ အလှူရှင် CEC များမှ ဝတ္ထုငွေ-(၆၀,၀၀၀)ကျပ်၊ သင်္ကန်းခြင်း(၂)ခြင်း၊ ဆိုလာမီးအိမ်(၅)လုံးအား သွားရောက်လှူဒါန်း၍ ဆရာတော်ထံမှ တရားတော်များ နာကြားခဲ့ပါသည်။ ထို့နောက် ကျောင်းတွင် ကျောင်းသား/သူကလေးများအား ယဉ်ကျေးလိမ္မာသင်ကြားနိုင်ရန် ဗလာစာအုပ်(၂၀)ဒါဇင်အား ထိန်ချောင်းမှ ဆရာမများထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့် CEC များသည် ကျွန်းစုမြို့နယ်၊ ကမ်းနားဆိပ်ရှိ သံသရာအေးကျောင်းသို့

ကျွန်းစုမြို့နယ်၊ ပသုတ်ကျွန်းကျေးရွာ၌ ဆိုလာဖြင့် ကျေးရွာမီးလင်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

ကျွန်းစုမြို့နယ်၊ ပသုတ်ကျွန်းကျေးရွာ၌ ဆိုလာဖြင့် ကျေးရွာမီးလင်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း

(၉.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC အဖွဲ့ဝင်များသည် ကျွန်းစုမြို့မှ ပသုတ်ကျွန်းသို့ သွားရောက်ခဲ့ပြီး ကျေးရွာရှိ သာသနာ့လင်္ကာကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ခဲ့ပြီး ပရိတ်တရားများ နာယူကာ ဆရာတော်ထံ လှူဘွယ်ဝတ္ထုငွေ(၂)သိန်းကျပ်နှင့် ဆိုလာမီးအိမ်များ၊ သင်္ကန်းခြင်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် MWCDF အသင်းမှ ဒုဥက္ကဌနှင့် CEC များသည် ပသုတ်ကျွန်းရှိ ဓမ္မာရုံတွင် ကျေးရွာလူထုများနှင့် တွေ့ဆုံခဲ့ပြီး ကျေးရွာဆိုလာမီးလင်းရေး ထောက်ပ့ံပွဲအခမ်းအနား တက်ရောက်ခဲ့ပါသည်။ ၎င်းအခမ်းအနားတွင် ဒုဥက္ကဌ ဒေါ်စုညွန့်ဦးမှ အသင်းအကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး တွဲဘက် အတွင်းရေးမှူး

ကျွန်းစုမြို့နယ်၊ အ.ထ.က ကျောင်းနှင့် မြို့နယ်ဆေးရုံသို့ သွားရောက်လှူဒါန်းခြင်း

ကျွန်းစုမြို့နယ်၊ အ.ထ.က ကျောင်းနှင့် မြို့နယ်ဆေးရုံသို့ သွားရောက်လှူဒါန်းခြင်း

(၈.၁၁.၂၀၁၈)နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဋ္ဌနှင့် CEC များသည် ကျွန်းစုမြို့နယ်၊ အ.ထ.က ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူကလေးများနှင့် တွေ့ဆုံပြီး အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် အထက်တန်းကျောင်းအတွက် အသင်းမှ အလှူငွေ(၅)သိန်း၊ အလှူရှင် CEC မှ အလှူငွေ(၅)သိန်း စုစုပေါင်း (၁၀)သိန်းကျပ်အား ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ကျွန်းစုမြို့နယ်ဆေရုံကြီးသို့ သွားရောက်၍ ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသော လူနာများအားကြည့်ရှုပြီး အားပေးစကား ပြောကြားခဲ့ပါသည်။ ထို့ပြင် ဆေးရုံကြီးအတွက် အလှူငွေ(၅)သိန်းကျပ်အား ဆေးရုံအုပ်ကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။