Myanmar

အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခြင်း

အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခြင်း

(၈.၆.၂၀၂၃)နေ့၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကရင်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေဖြင့် “အမျိုးသမီးများ ဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” သို့ ကရင်ပြည်နယ် MWCDF အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

(၈.၆.၂၀၂၃)နေ့၊ နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်သော ရှေးဦး အရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌ တက်ရောက်ခဲ့ပါသည်။

အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

(၄.၆.၂၀၂၃)နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂) ကျောင်းခန်းမ၌ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကြီးမှူး၍ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

မန္တလေးတိုင်း MWCDF အသင်းမှ EC Meeting ပြုလုပ်ခြင်း

မန္တလေးတိုင်း MWCDF အသင်းမှ EC Meeting ပြုလုပ်ခြင်း

(၂၈.၅.၂၀၂၃)နေ့တွင် မန္တလေးတိုင်း MWCDF အသင်း၏ EC အစည်းအဝေး(၂/၂၀၂၃)ကို ကျင်းပပြုလုပ်ရာ ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်၍ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။ ထို့နောက် အဖွဲ့ဝင်သစ်များ ကြိုဆိုခြင်းနှင့် အသင်းအကြောင်း ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

နေပြည်တော်တိုင်း MWCDF အသင်းမှ နေရပ်စွန့်ခွာတိမ်းရှောင်နေရသော မိသားစုများနှင့် ကလေးသူငယ်များအား ပညာသင်ကြားရေးထောက်ပံ့ကူညီလှူဒါန်းခြင်း

နေပြည်တော်တိုင်း MWCDF အသင်းမှ နေရပ်စွန့်ခွာတိမ်းရှောင်နေရသော မိသားစုများနှင့် ကလေးသူငယ်များအား ပညာသင်ကြားရေးထောက်ပံ့ကူညီလှူဒါန်းခြင်း

(၃၀.၅.၂၀၂၃)နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များသည် နေရပ် စွန့်ခွာတိမ်းရှောင်နေရသော မိသားစုများ၏ ကျောင်းနေအရွယ် KG, Grade (1) မှ Grade (5) ကလေးသူငယ်များအား ပညာသင်ကြားရေးအထောက်အပံ့အဖြစ် စတီးချိုင့်၊ ရေဘူး၊ ဆွဲခြင်း၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ကူညီလှူဒါန်းခဲ့ပါသည်။

နေပြည်တော်တိုင်း MWCDF အသင်း ဖွဲ့စည်းခြင်း

နေပြည်တော်တိုင်း MWCDF အသင်း ဖွဲ့စည်းခြင်း

(၁၉.၅.၂၀၂၃)နေ့တွင် နေပြည်တော် MWCDF (ရုံးချုပ်)၌ နေပြည်တော်တိုင်း MWCDF အသင်း အသစ် ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် MWCDF အသင်း ခေတ္တဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးမှ အသင်းအကြောင်း ရှင်းလင်းပြောကြားကာ အသင်း Documentary Film အား ပြသခဲ့ပါသည်။ဆက်လက်၍ အသစ်ထပ်မံဖွဲ့စည်းသော နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌမှ အလုပ်အမှုဆောင်များနှင့် မိတ်ဆက်ပေးခြင်းအစီအစဉ်နှင့် ယခင်ဖွဲ့စည်းထားသော တိုင်းအသင်း ဥက္ကဌ မှ အသစ်ထပ်မံဖွဲ့စည်းသည့် အသင်းဥက္ကဌထံ အသင်းလုပ်ငန်းဆောင်ရွက်ချက်ဖိုင်အား လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။