Myanmar

ဆိုင်ကလုန်းမုန်တိုင်း (MOCHA)ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသများအတွက် အလှူငွေ လှူဒါန်းခြင်း

ဆိုင်ကလုန်းမုန်တိုင်း (MOCHA)ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသများအတွက် အလှူငွေ လှူဒါန်းခြင်း

(၁၈.၅.၂၀၂၃)နေ့၊ နေပြည်တော်ကောင်စီဝင်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ဆိုင်ကလုန်းမုန်တိုင်း(MOCHA) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ MWCDF အသင်းမှ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များတက်ရောက်၍ အသင်းမှ အလှူငွေ-(၃၀)သိန်းကျပ်၊ စေတနာရှင် အလှူရှင် အသင်း CEC များနှင့် အဖွဲ့ဝင်များမှ အလှူငွေ-(၃၈)သိန်းကျပ် စုစုပေါင်း-(၆၈)သိန်းကျပ် ပေးအပ်လှူဒါန်းရာ နေပြည်တော်ကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည့်အတွက် လက်ခံရယူခဲ့ကြပါသည်။

ကမ္ဘာ့သွေးတိုးရောဂါနေ့ အခမ်းအနားတက်ရောက်ခြင်း

ကမ္ဘာ့သွေးတိုးရောဂါနေ့ အခမ်းအနားတက်ရောက်ခြင်း

(၁၈.၅.၂၀၂၃)နေ့၊ နေပြည်တော်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်(MWAF)မှ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ်အခမ်းအနားသို့ MWCDF အသင်းမှ အတွင်းရေးမှူး နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တို့ တက်ရောက်ခဲ့ပါသည်။

လေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းခြင်း

လေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းခြင်း

(၉.၅.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်မြေကုန်းကျေးရွာရှိ လေဘေးသင့်ပြည်သူများ သောက်သုံးရေ ရရှိရေးနှင့် ကျေးရွာရှိ ပျက်စီးသွားသော မိုးကောင်းစေတီတော်မြတ်နှင့် အရံစေတီများ၊ သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေ-(၃၇)သိန်းကို ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်းမှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၂၅.၅.၂၀၂၃)နေ့တွင် MWCDF အသင်းမှ တွဲဘက်အတွင်းရေးမှူးနှင့် CEC များသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်၍ အသင်းတည်ထောင်ခဲ့သည့် (၁၄.၅.၂၀၁၃)ရက်၊ (၁၀)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် သားဖွားမီးယပ်ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများအား နေ့လည်စာ-ထမင်း၊ ကြက်သားဟင်း၊ သီးစုံချဉ်ဟင်းဖြင့် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ဆေးကုသမှုခံယူနေသော ကလေးငယ်အား အလှူငွေ သွားရောက်လှူဒါန်းခြင်း

ဆေးကုသမှုခံယူနေသော ကလေးငယ်အား အလှူငွေ သွားရောက်လှူဒါန်းခြင်း

(၁၀.၅.၂၀၂၃)ရက်နေ့တွင် တွဲဘက်အတွင်းရေးမှူးနှင့် CEC တို့သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ မွေးဖွားပြီး ကျန်းမာရေးမကောင်းသောကလေးငယ်အတွက် အလှူငွေ လှူဒါန်းခဲ့ပါသည်။