Myanmar

ကျောင်းအခြေပြုနွေရာသီယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ

ကျောင်းအခြေပြုနွေရာသီယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ

(၇.၄.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ကြီးမှူး၍ ဖွင့်လှစ်သော ကျောင်းအခြေပြု နွေရာသီယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲအခမ်းနားအား နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂)ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျောင်းအခြေပြု နွေရာသီယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ်(၁)ဖွင့်လှစ်ခြင်း

ကျောင်းအခြေပြု နွေရာသီယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ်(၁)ဖွင့်လှစ်ခြင်း

(၃.၄.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ မျိုးဆက်သစ်လူငယ်လူရွယ်များ ယဉ်ကျေးလိမ္မာမှုရရှိစေရန်နှင့် အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော  အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ ဖြစ်လာစေရန်နှင့် (၃၈)ဖြာမင်္ဂလာတရားတော်နှင့်အညီ ပြုမူကျင့်ကြံနေထိုင်တတ်စေရန် ရည်ရွယ်၍ ကျောင်းအခြေပြု နွေရာသီယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ်(၁)အား နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂) ကျောင်း၊ ပညာရတနာခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။