Myanmar

စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း တက်ရောက်ခြင်း

စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း တက်ရောက်ခြင်း

(၁၃.၃.၂၀၂၃)နေ့တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ စစ်မှုထမ်းဟောင်း ကြီးကြပ်မှုအဖွဲ့ရုံး၊ ပုဗ္ဗသီရိမြို့နယ်၌ ကျင်းပပြုလုပ်ရာ MWCDF အသင်းမှ CEC တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် အသင်းမှ သင်တန်းသား/သူ(၃)ဦး တက်ရောက်သင်ယူခဲ့ပါသည်။

အလင်းအိမ်မိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အလင်းအိမ်မိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၁.၃.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လားရှိုးမြို့၊ အလင်းအိမ်မိဘမဲ့ကျောင်းသို့ အလှူငွေ၊ စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၈.၃.၂၀၂၃)နေ့တွင် ပြည်နယ်နှင့်တိုင်းများ၌ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်နယ်နှင့်တိုင်း MWCDF အသီးသီးမှ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပါသည်။

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၈.၃.၂၀၂၃)နေ့တွင် မကွေးတိုင်း၊ မကွေးမြို့၌ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မကွေးတိုင်း MWCDF အသင်းမှ အတွင်းရေးမှူး တက်ရောက်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၈.၃.၂၀၂၃)နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မွန်ပြည်နယ် MWCDF အသင်းမှ အတွင်းရေးမှူး တက်ရောက်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၈.၃.၂၀၂၃)နေ့တွင် ရန်ကုန်တိုင်း၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ရန်ကုန်တိုင်း MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ပါသည်။