Myanmar

MWAF အသင်းမှဖိတ်ကြားသော အခမ်းအနားသို့တက်ရောက်ခြင်း

MWAF အသင်းမှဖိတ်ကြားသော အခမ်းအနားသို့တက်ရောက်ခြင်း

(၅.၇.၂၀၁၈)နေ့တွင် MWCDFအသင်းမှ အတွင်းရေးမှူးနှင့်ဗဟိုအလုပ်အမှုဆောင်များသည် နေပြည်တော်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သော (၁၅)ကြိမ်မြောက် ထူးချွန်အမျိုးသမီးများဂုဏ်ပြု ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ်သော “မြန်မာအမျိုးသမီးများနေ့” အခမ်းအနားသို့ ပြည်နယ် MWCDF အဖွဲ့ဝင်များ တက်ရောက်ခြင်း

ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ်သော “မြန်မာအမျိုးသမီးများနေ့” အခမ်းအနားသို့ ပြည်နယ် MWCDF အဖွဲ့ဝင်များ တက်ရောက်ခြင်း

(၃.၇.၂၀၁၈)နေ့၊ နံနက်(၀၉းဝ၀)နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြုလုပ်သော “ မြန်မာအမျိုးသမီးများနေ့” အခမ်းအနားသို့ ပြည်နယ်ရှိ အခြားအဖွဲ့အစည်းများ၊ MWCDFအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အမှာစကားပြောကြားခြင်း၊ တိုင်းလူမှုဝန်ထမ်း ဦးစီးဌာနမှ “မြန်မာအမျိုးသမီးများနေ့” အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းခြင်း၊ GEN အဖွဲ့နှင့် CEDAW တို့မှ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုသောအားဖြင့် အခမ်းအနားတွင် “ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) ပဲခူးမှ အလှူငွေပေးအပ်လှူဒါန်းခြင်း

မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုသောအားဖြင့် အခမ်းအနားတွင် “ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) ပဲခူးမှ အလှူငွေပေးအပ်လှူဒါန်းခြင်း

ဇူလိုင်လ(၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ပဲခူးမြို့၊ မြို့တော်ခန်းမတွင် တိုင်းလူမှုဝန်ထမ်းဌာနနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတို့မှ ပူးပေါင်းကျင်းပသော “မြန်မာအမျိုးသမီးများနေ့” အခမ်းအနားတွင် မိတ်ဘက်အဖွဲ့အစည်းများနှင့်အတူ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ ပဲခူးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဒေါ်သီတာတင်ထွဋ်နှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး “ မြန်မာအမျိုးသမီးများနေ့” ကို ဂုဏ်ပြုသောအားဖြင့် အလှူငွေကျပ်(၃)သိန်းအား ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

၂၀၁၈ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အခမ်းအနား

၂၀၁၈ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အခမ်းအနား

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီမှ ကျင်းပပြုလုပ်သော “ မြန်မာအမျိုးသမီးများနေ့” အခမ်းအနားသို့ MWCDFအသင်းမှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခြင်း၊ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေရေးရာ အကြောင်းများ၊ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သော အကြောင်းအရာများနှင့် စာရေးဆရာမ ဒေါ်နှင်းပန်းအိမ်မှ အမျိုးသမီးငယ််များ၏ ဘဝရပ်တည်မှုနှင့်စပ်လျဉ်းသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြပါသည်။ အသင်းနှင့်

အောင်ချမ်းသာပရဟိတသီလရှင်စာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အောင်ချမ်းသာပရဟိတသီလရှင်စာသင်ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၂၆.၆.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌနှင့် CECများသည် ဒက္ခိဏသီရိမြို့နယ်၊ အောင်ချမ်းသာပရဟိတ သီလရှင်စာသင်ကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်သီလရှင်ဆရာကြီးနှင့် တွေ့ဆုံပြီး သီလရှင်ကလေးများအတွက် ဝတ္ထုငွေများ၊ ဗလာစာအုပ်များ၊ ဆိုလာမီးအိမ်များ၊ ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ၊ အာလူး၊ ကြာဇံ စသည့်လှူဘွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

ဇေယျာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

ဇေယျာရာမသီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၂၆.၆.၂၀၁၈)နေ့တွင် MWCDFအသင်းမှ ဒုဥက္ကဋ္ဌနှင့် CECအဖွဲ့ဝင်များသည် ပျဉ်းမနားမြို့၊ ဇေယျာရာမ ပရိယတ္တိသီလရှင်စာသင်တိုက်သို့သွားရောက်၍ ကျောင်းထိုင်သီလရှင် ဆရာကြီးဒေါ်ကစ္စေသီနှင့်တွေ့ဆုံပြီး ကျောင်းထိုင်သီလရှင်ဆရာကြီးနှင့် သီလရှင်များအတွက် ဝတ္ထုငွေများ၊ ဗလာစာအုပ်များ၊ ဆိုလာမီးအိမ်များ၊ ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ၊ အာလူး၊ ကြာဇံ စသည့်လှူဘွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။