Myanmar

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် MWCDFအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ကွင်းဆင်းသွားရောက်လှူဒါန်းမှု

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် MWCDFအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ကွင်းဆင်းသွားရောက်လှူဒါန်းမှု

MWCDFအသင်းမှ ဥက္ကဋ္ဌနှင့်CECများသည် (၁၀.၆.၂၀၁၈)နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့သို့ သွားရောက်ခဲ့ပါသည်။ ဘားအံမြို့တွင် အသင်းအဖွဲ့ ဖွဲ့စည်းရန်အတွက် စုဖွဲ့ထားသော အမျိုးသမီး အဖွဲ့ဝင်(၂၄)ဦးနှင့် ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ် အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့၍ တက်ရောက်လာသူများနှင့် မိတ်ဆက်ပြီး အသင်းဥက္ကဋ္ဌမှ အသင်းအကြောင်းရှင်းလင်းပြောကြားခြင်း၊ အသင်းဖွဲ့စည်းတည်ထောင်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်းရာတွင် ယခုလည်း တိုင်း/ပြည်နယ်၊ မြို့နယ်၊ ကျေးရွာများအထိ လက်တွေ့ကျကျကွင်းဆင်းဆောင်ရွက်နိုင်ရန် ပြည်နယ် MWCDF အသင်းကို ဖွဲ့စည်းလိုကြောင်း ပြောကြားခဲ့ပါသည်။ ထပ်မံ၍ အသင်း၏ တွဲဘက်အတွင်းရေးမှူးများနှင့် CECများမှ အသင်းအဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အသင်း

သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်ကုသခြင်းနှင့်အလှူငွေပေးအပ်ခြင်း အခမ်းအနားတွင် MWCDF အဖွဲ့ဝင်များမှ အလှူငွေလှူဒါန်းခြင်း

သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်ကုသခြင်းနှင့်အလှူငွေပေးအပ်ခြင်း အခမ်းအနားတွင် MWCDF အဖွဲ့ဝင်များမှ အလှူငွေလှူဒါန်းခြင်း

(၁၉.၅.၂၀၁၈)မှ(၂၀.၅.၂၀၁၈)ရက်နေ့အထိ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲနှင့် ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ကုသခြင်းနင့် အလှူငွေပေးအပ်ခြင်း အခမ်းအနားတွင် လားရှိုး MWCDF အသင်းအဖွဲ့ဝင်များမှ အလှူငွေ-(၂၀၀,၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သူနာပြုများနှင့်သားဖွားဆရာမများနေ့အခမ်းအနားတွင် MWCDFအဖွဲ့ဝင်များမှ အလှူငွေလှူဒါန်းခြင်း

အပြည်ပြည်ဆိုင်ရာ သူနာပြုများနှင့်သားဖွားဆရာမများနေ့အခမ်းအနားတွင် MWCDFအဖွဲ့ဝင်များမှ အလှူငွေလှူဒါန်းခြင်း

(၁၁.၅.၂၀၁၈)နေ့တွင် အပြည်ပြည်ဆိုင်ရာသူနာပြုများနှင့် သားဖွားဆရာမများနေ့ ၂၀၁၈ ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့ သူနာပြုကျောင်းခန်းမတွင်ကျင်းပရာ MWCDFအသင်းအဖွဲ့ဝင်များမှ သက်ကြီးသူနာပြုများနှင့် သားဖွားဆရာမများအတွက် အလှူငွေ-(၁၀၀,၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အခမဲ့သွားစမ်းသပ်စစ်ဆေးကုသခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အခမဲ့သွားစမ်းသပ်စစ်ဆေးကုသခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘာသာမရွေးလူမှုကူညီမှုအသင်းတွင် MWCDFအသင်းအဖွဲ့ဝင်များမှ ထိုင်ဝမ်မှ ပရဟိတသွားဆရာဝန်များအဖွဲ့(TOCA)နှင့် လားရှိုးမြို့ လူမှုအသင်းတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သော အခမဲ့သွားစမ်းသပ်စစ်ဆေးကုသပေးခြင်းအား (၈.၅.၂၀၁၈)မှ(၉.၅.၂၀၁၈)ရက်နေ့အထိ (၂)ရက်တိတိ ဆောင်ရွက်ခဲ့ပါသည်။

စစ်ကိုင်းတိုင်း MWCDFအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် မကုဋာရာမ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

စစ်ကိုင်းတိုင်း MWCDFအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် မကုဋာရာမ(ဘ.က)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

MWCDFအသင်းမှ ဥက္ကဋ္ဌနှင့်CECများသည် (၂၈.၅.၂၀၁၈)နေ့တွင် တိုင်း MWCDFအသင်း ဖွဲ့စည်းရန်အတွက် စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ သွားရောက်ခဲ့ပါသည်။ မုံရွာမြို့တွင် အသင်းအဖွဲ့ ဖွဲ့စည်းရန်အတွက် စုဖွဲ့ထားသောအမျိုးသမီးအဖွဲ့ဝင်(၉)ဦးနှင့် မုံရွာမြို့၊ Win Unityဟိုတယ် အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး အသင်းဥက္ကဋ္ဌမှ အသင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အသင်းCECများမှ အသင်းဖွဲ့စည်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အသင်း Documentary Film ပြသခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် စစ်ကိုင်းတိုင်း MWCDFအဖွဲ့ဝင်များထံသို့ အသင်းဝတ်စုံ၊ အသင်းမဂ္ဂဇင်း၊ အသင်းဗလာ စာအုပ်များ၊ အသင်းတံဆိပ်များနှင့် ဇွန်လနှင့် ဇူလိုင်လတို့အတွက် Activity

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနား

နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနား

(၂၇. ၅. ၂၀၁၈)နေ့တွင် နေပြည်တော်၊ MWCDF(ရုံးချုပ်)၌ အ.ထ.က(၁၂)ချင်းရွာမှ ကျောင်းသား/သူများအတွက် စတုတ္ထအကြိမ်မြောက်ဖွင့်လှစ်ပေးသည့် နွေရာသီအင်္ဂလိပ်စာ (Elementary Level)သင်တန်းနှင့် ဆရာ/မများအတွက် ပထမအကြိမ်မြောက် ဖွင့်လှစ်ပေးသည့် (Pre-Intermediate Level)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အသင်းဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူးမှ သင်တန်း ဆင်းအမှာစကားပြောကြားခြင်းနှင့် သင်တန်းတွင် ထူးချွန်စွာအောင်မြင်၍ ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးခဲ့ပါသည်။ အသင်းမှ ဖွင့်လှစ်သည့် နွေရာသီ အင်္ဂလိပ်စာသင်တန်းတွင် သင်ကြားပြသခဲ့သော ဆရာဦးမင်းစိုးသူရ နှင့် ဆရာမဒေါ်ဇင်မာမျိုးအား အသင်းဥက္ကဋ္ဌမှ ဂုဏ်ပြုငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ပါသည်။